ဒုံးကျည်တိုက်ခိုက်မှု ယူကရိန်း စစ်သား ၃၀ သေ

  • 11 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်သုံး လက်နက်ကြီးတွေအဖြစ် သတ်မှတ်ထားတဲ့ grad ရော့ကက်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လူဟန့်စ်ခ် မြို့မှာ ရော့ကက် ဒုံးကျည်နဲ့ တိုက်ခိုက်ခံရမှု တခုအတွင်း ယူကရိန်း တပ်ဖွဲ့ဝင် ၃၀ လောက်အထိ သေဆုံးခဲ့တယ်လို့ ရုရှား လိုလားတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေက ပြောပါတယ်။

ဇီလန်နိုပီလ်ယာ Zelenopillya ရွာအနီးမှာ ခွဲထွက်ရေး လက်နက်ကိုင်တွေက Grad ရော့ကက် အမျိုးအစားကို သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီ ဒေသမှာ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့ သူက သတိပေး ပြောသွားပါတယ်။

ရုရှားလုပ် အဲဒီ Grad ရော့ကက်တွေကို လက်နက်ကြီးတွေ အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ