မဲတွေ ပြန်စိစစ်ဖို့ သမ္မတလောင်း၂ဦး လက်ခံ

  • 13 ဇူလိုင် 2014
fghan_vote_polls ဓာတ်ပုံ မူပိုင် AP
Image caption အာဖဂန် ရွေးကောက်ပွဲတုန်းက ရထားတဲ့ မဲဆန္ဒတွေ

အငြင်းပွားနေ တဲ့ အာဖဂန်ရွေးကောက်ပွဲ အတွက်၊ သမ္မတလောင်း ၂ ဦးစလုံးက၊ မဲတွေကို ပြန်လည် စိစစ်ဖို့ သဘောတူလိုက် တယ် ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဝန်ကြီး ကယ်ရီဟာ၊ သမ္မတလောင်း ၂ ဦး ဖြစ်ကြတဲ့၊ အာရှရပ်ဖ် ဂါနီနဲ့ရော၊ အဗ္ဗဒွလ်လာ အဗ္ဗဒွလ်လာ နဲ့ပါ၊ တွေ့ဆုံ စကားပြောခဲ့ အပြီး၊ အခုဆို လာမယ့် ၂၄ နာရီအတွင်း၊ ရွေးကောက်ပွဲ အတွင်း ပေးထားခဲ့သမျှ မဲ ၈ သန်း ကို၊ စတင် စိစစ်မှာ ဖြစ်တယ်လို့၊ မစ္စတာ ကယ်ရီက ဆိုပါတယ်။

ဒီလို စိစစ်ရာမှာ နိုင်ငံတကာမှာ ထားရှိတဲ့၊ အမြင့်ဆုံး စံနှုန်းစံထားတွေ အတိုင်း ဆောင်ရွက်မှာ ဖြစ်ပြီး၊ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့လည်း ပြောပါတယ်။

အလွန်ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခု ရဲ့ ပထမဆုံး ခြေလှမ်းတွေ ဖြစ်ပြီး၊ အတိမ်းအစောင်း မခံနိုင်ပဲ၊ သမ္မတလောင်း ၂ ဦး အပါအဝင် သက်ဆိုင်ရာ အာဖဂန် အရာရှိတွေ အားလုံး လက်တွဲပြီး လာမယ့် ရက်တွေမှာ အာဖဂန် ပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာဖို့ လုပ်ဆောင်ကြရမှာ ဖြစ်တယ် ဆိုပြီး၊ မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။

ပြည်နယ်တွေမှာ ရှိတဲ့ မဲတွေကို နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေက မြို့တော် ကဘူးလ်ကို သယ်ယူ ပေးလာမှာ ဖြစ်ပြီး၊ အာဖဂန်စစ်တပ် အပါအဝင် နိုင်ငံတကာတပ်ဖွဲ့ ဝင်တွေက လုံခြုံရေး စောင့်ကြပ် ပေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ