ဂါဇာမှာ အရပ်သား အများစု သေဆုံး

  • 12 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ထိခိုက်သူ တွေထဲမှာ ကလေးသူငယ် တွေလည်းပါ

ဂါဇာ ကမ်းမြှောင် ဒေသမှာ အစ္စရေးတို့ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု တွေကြောင့် သေဆုံး ခဲ့ရသူ စုစုပေါင်းရဲ့ လေးပုံ သုံးပုံဟာ အရပ်သား တွေ ဖြစ်တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

အစ္စရေး တို့ရဲ့ စစ်ဆင်ရေးတွေ စတင်ခဲ့ ကတည်းက ခုချိန်အထိ သေဆုံး ခဲ့ရသူ စုစုပေါင်း ၁၂၀ ကျော် သွားပြီလို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။

အစ္စရေး ဖက်ကတော့ ဟားမတ်စ် စစ်သွေးကြွ တွေက သူတို့ နယ်မြေ ထဲကို ရော့ကက် ဒုံးကျည် တွေ ရာနဲ့ ချီပြီး ပစ်ခတ် တိုက်ခိုက် နေတာကို ရပ်သွားအောင် ခုလို တိုက်ခိုက် ရတာလို့ ဆိုပါတယ်။

အဲဒီ ပစ်ခတ်မှု တွေကြောင့် အစ္စရေး ဖက်က သေဆုံးသူတော့ မရှိသေး ပါဘူး။

သောကြာနေ့ ည တုန်းကလည်း Beit Lahiya မြို့မှာ မသန်စွမ်း သူတွေကို စောင့်ရှောက် ထားတဲ့ ဂေဟာကို အစ္စရေး ဖက်က ဗုံး ထိမှန်လို့ လူနှစ်ဦး သေပြီး လေးဦး အပြင်းအထန် ဒဏ်ရာ ရသွား ပါတယ်။