အာဂျင်တီးနား အဏုမြူစွမ်းအင်အရေး ရုရှားကူ

  • 13 ဇူလိုင် 2014
putin_argentina_kirchner_ ဓာတ်ပုံ မူပိုင် Getty
Image caption ရုရှား နဲ့ အာဂျင်တီးနား သမ္မတ ၂ ဦး

ရုရှား သမ္မတ ဗလာဒီးမီးယား ပူတင်ရဲ့ အာဂျင်တီးနား ခရီးစဉ် အတွင်း၊ အာဂျင်တီးနား အနေနဲ့ အဏုမြူစွမ်းအင် ထုတ်လုပ်ရာမှာ ရုရှားက အကူအညီ ပေးဖို့ သဘောတူ စာချူပ်တွေ ချူပ်ဆိုခဲ့ပါတယ်။ အာဂျင်တီးနား ရဲ့ အဏုမြူ စွမ်းအင်ထုတ် စက်ရုံ တည်ဆောက်ရာ မှာ၊ ရုရှား ကုမ္မဏီ ရော့စ်အာတမ်က ကူညီမယ် လို့ ဆိုပါတယ်။

သမ္မတ ပူတင်ဟာ၊ လက်တင် အမေရိကန် ဒေသမှာ၊ သူ့အပေါ် နိုင်ငံရေး ထောက်ခံမှုတွေ ရရှိလာအောင် ၆ ရက်ကြာ ခရီး ထွက်နေတာ ဖြစ်ပြီး အာဂျင်တီးနားကို ရောက်လာတာပါ။

အာဂျင်တီးနား သမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ်နဲ့ စကားပြော အပြီး၊ ကျန် လက်တင် အမေရိကန် ခေါင်းဆောင်တွေနဲ့ အတူ၊ ညစာစားပွဲကို တက်ရောက် ပါတယ်။ ဒီ ညစာ စားပွဲမှာ၊ လက်တင်အမေရိကန် ဒေသရဲ့ လက်ဝဲဝါဒီ ခေါင်းဆောင်တွေ ဖြစ်တဲ့၊ ဗီနင်ဇွဲလား၊ ဘိုလစ်ဘီးယားနဲ့ ဥရုဂွေး နိုင်ငံတို့က သမ္မတတွေလည်း ပါဝင်ပါတယ်။

တနင်္ဂနွေမှာတော့ မစ္စတာပူတင်ဟာ ဘရာဇီးနိုင်ငံ၊ ရီယို မြို့တော်ကိုလာပြီး၊ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို၊ ကြည့်ရှု့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ