ကမ္ဘာ့ဖလား ကိုင်မြှောက်မယ့်အချိန် ရောက်ပြီ

  • 13 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ဖလားကို ဥရောပသားတွေ ကိုင်မြှောက် မလား၊ တောင်အမေရိကား ကပဲ လုယူ မလား

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က စတင် ခဲ့တဲ့ ဘရာဇီး ၂၀၁၄ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲ အတွက် မြန်မာ စံတော် ချိန် ဒီကနေ့ ည ၁ နာရီခွဲ မှာ ဂျာမဏီနဲ့ အာဂျင်တီးနား တို့ ယှဉ်ပြိုင် ကြတော့မှာ ဖြစ်ပါတယ်။

လေးနှစ်မှ တကြိမ်သာ ကျင်းပတဲ့ ကမ္ဘာ့ ဖလား ဘောလုံး ပွဲမှာ ဒီနှစ် အတွက် ဖလားကြီးကို ဘယ်သူ ကိုင်မြောက် နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး၊ ခန့်မှန်း ချက်တွေ ထွက်ပေါ် နေရာမှာ ဆီးမီး ဖိုင်နယ်မှာ အိမ်ရှင် ဘရာဇီးကို ၇ ဂိုး ၁ ဂိုးနဲ့ စံချိန်တင် အနိုင်ယူ ခဲ့တဲ့ ဥရောပသား ဂျာမဏီ လက်တွေနဲ့ ကိုင်မြောက် နိုင်မယ်လို့ ခန့်မှန်း ပြော ဆိုမှုတွေ များနေပါတယ်။

ဒါပေမယ့်လည်း တောင် အမေရိကန် မြေမှာ ဥရောပသားတွေ တခါမှာ ဗိုလ်မစွဲခဲ့ သေးတဲ့ အစဉ် အလာကိုပဲ ဒီအတိုင်းပဲ ထားနိုင်ဖို့ ပြိုင်ဘက် အာဂျင် တီးနား နည်းပြ ကတော့ ဂျာမဏီကို အနိုင် ရဖို့ အတွက် သူ့ အသင်းကို လိုအပ်ချက် မရှိအောင် ပြင်ဆင် ထားတယ် လို့ ဆိုပါတယ်။

ကစားသမား အခြေအ နေကို ကြည့်မယ်ဆိုရင်တော့ ဂျာမဏီက အလယ် နောက်တန်းလူ မတ်စ် ဟူမဲလ်စ် ပြန်ကစား နိုင်မယ်လို့ မျှော်လင့်ရ ပါတယ်။

အာဂျင်တီးနား ဘက်က ဒီ မာရီယာ ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ ပေမယ့် ပါနိုင်ဖို့ မသေချာပါဘူး။ ဒါပေမယ့် တိုက်စစ်မှူး ဆာဂျီရို အဂွဲယိုး ကတော့ ဒဏ်ရာ ကနေ လုံးဝ ပြန်ကောင်းလာ ပါပြီ။ ဒီအတွက် ဟီဂွမ်ရင် အစား အဂွဲယိုး နဲ့ မက်ဆီတို့ ရှေ့မှာ တွဲ ကစားမယ့် ပုံ ရှိနေ ပါတယ်။

ဒီနောက်ဆုံး ဗိုလ်လုပွဲကြီးကို ကမ္ဘာ့ တလွှားမှာ ရုပ်မြင် သံကြား ကနေ ပရိသတ် သန်း ၁ ထောင် ကျော် ကြည့်မယ်လို့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ က ခန့်မှန်း ထား ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ လေကြောင်းလိုင်း ၇ ခု ကနေ လည်း သူတို့ လေယာဉ်တွေ ပျံသန်း နေစဉ် ခရီးသည် တွေကို တိုက်ရိုက် ကြည့်ရှု နိုင်အောင် စီစဉ် ထားတာတွေ ရှိနေ ပါတယ်ခင်ဗျာ။

ဒီသတင်းနဲ့ပတ်သက်သမျှ