Costa Concordia ဆယ်ယူရေး နောက်ဆုံးအဆင့်

  • 14 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆယ်ဖူးသမျှ သင်္ဘောပျက်တွေ ထဲမှာ အခက်ခဲဆုံး လုပ်ငန်းဖြစ်

အီတလီ နိုင်ငံမှာ ရေအောက် မြုပ်နေတဲ့ အပျော်စီး သင်္ဘော ကော်စတာ ကွန်ကော်ဒီယာ Costa Concordia ကို သင်္ဘောပျက် ဆယ်တင်ရေး အဖွဲ့တွေက ပင်လယ် ကြမ်းပြင်အထက် တစ်မီတာအထိ မ,ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကော်စတာ ကွန်ကော်ဒီယာ ကို ဆယ်တင်တဲ့ လုပ်ငန်းဟာ ပင်လယ် ရေအောက်ကနေ ဆယ်တင်ခဲ့ဖူးသမျှ သင်္ဘောပျက် တွေထဲမှာ နက်နဲ ရှုပ်ထွေးမှု အရှိဆုံး၊ ကုန်ကျစရိတ် အများဆုံး ဖြစ်ပြီး အခုအဆင့်က နောက်ဆုံးအဆင့် ဖြစ်ပါတယ်။

ဂစ်ဂလီယို ကျွန်းနားမှာ တိမ်းမှောက်သွားခဲ့အပြီး တနှစ်အကြာ၊ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Costa Concordia သင်္ဘောကို အတည့် ပြန်ထောင်နိုင်ခဲ့ပါတယ်။

အခုအခါ သင်္ဘောကို ဂျီနိုအာ ဆိပ်ကမ်းဆီ ဆွဲသွားပြီး တစစီ ဖျက်ဖို့ စီစဉ်ထားပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလက ကော်စတာ ကွန်ကော်ဒီယာ သင်္ဘော နစ်မြုပ်ခဲ့ရာမှာ လူ ၃၀ကျော် သေဆုံးခဲ့ပါတယ်။

သင်္ဘော ကက်ပတိန် ဖရန်ဆက်စကို ရှတ်တီနို Francesco Schettino ကိုတော့ လူသေမှုနဲ့ လောလောဆယ် ရုံးတင် စစ်ဆေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ