ထရစ်ပိုလီ လေဆိပ်တိုက်ပွဲ ဆက်လက် ဖြစ်ပေါ်

  • 15 ဇူလိုင် 2014
_lybia_bunkers ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားက လက်နက်ကိုင်တွေ

လစ်ဗျား နိုင်ငံမြို့တော် ထရစ်ပိုလီမှာ ရှိတဲ့၊ နိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်နိုင် ဖို့၊ ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့တွေကြား၊ ဆက်လက် တိုက်ခိုက် နေကြပါ တယ်။ အခု၊ လေဆိပ်ကို ဇင်ထန်းဒေသ က လက်နက်ကိုင် အုပ်စုက၊ ထိန်းချူပ် ထားတယ်လို့ အဲဒီ့ လေယာဉ်ကွင်းမှာ ရှိတဲ့ သူတစ်ဦးက ဆိုပါတယ်။

တိုက်ခိုက်မှုတွေ ကြောင့်၊ လူ တစ်ယောက် သေဆုံးခဲ့ ပြီး၊ လေယာဉ် ထိန်းချူပ်ရေး မျှော်စင်ကိုလည်း ဒုံးကျည် ထိမှန်ခဲ့တယ် လို့ ဆိုပါတယ်။

ဇင်ထန်းအဖွဲ့ နဲ့ တိုက်ခိုက်နေ တဲ့ နောက်တစ်ဖွဲ့က ဘယ်သူတွေလည်း ဆိုတာ၊ သေချာ မသိရ သေးပါဘူး။

ဒီလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက်၊ လေဆိပ်ကို တနင်္ဂနွေနေ့ ကတည်းက၊ ပိတ်ထား ခဲ့ရပါတယ်။

လစ်ဗျားနိုင်ငံမှာ အခြေအနေ ဆိုးဝါးနေတဲ့ အတွက် ဆိုပြီး၊ ကုလသမဂ္ဂ အဖွဲ့က သူ့ရဲ့ ဝန်ထမ်းတွေ ကို ပြန်လည် ခေါ်ယူ နေခဲ့ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ