ဘရာဇီး နည်းပြ စကိုလာရီ ရာထူးက နှုတ်ထွက်ပြီ

  • 14 ဇူလိုင် 2014
သူ့ကြောင့် ဂျာမနီကို မရှုမလှ ရှုံးခဲ့ရတယ်လို့ ဝေဖန်ကြ

ဘရာဇီးလ် ဘောလုံးအသင်း မန်နေဂျာ လူဝစ် ဖလိပေး စကိုလာရီ ရာထူးကနေ နှုတ်ထွက်သွားပြီလို့ ဘရာဇီးလ် သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တရားဝင် ကြေညာချက်ကိုတော့ မကြာခင် ထုတ်ပြန်မယ်လို့ ယူဆရပါတယ်။

ဘရာဇီးလ်က ဂျာမနီကို ၇ဂိုး ၁ဂိုးနဲ့ မရှုမလှ ရှုံးခဲ့ရတာဟာ သူ့ကြောင့်လို့ အများက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပွဲ ပြီးရင် သူ့ရာထူးကို ဘရာဇီးလ် ဘောလုံးအသင်းက ပြန်သုံးသပ်ဖို့ ရှိတယ်လို့ စကိုလာရီက အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဂျာမနီက အာဂျင်တီးနားကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးခဲ့လို့ ဂျာမန် ဘောလုံး ပရိသတ်တွေ အောင်ပွဲခံနေကြချိန်မှာ အာဂျင်တီးနား နိုင်ငံမှာတော့ ဘောလုံး ပရိတ်သတ်တွေက ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက် မျက်ရည်ယို ဗုံးတွေနဲ့ လူစုခွဲခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ