မော်စကိုမှာ မြေအောက်ရထား မှောက်၊ ၁၉ ဦးသေ

  • 15 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၅၀ လောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိ

ရုရှ နိုင်ငံ မော်စကို မြို့တော်မှာ မနက်ခင်း လူစည်ကားတဲ့ အချိန် မြေအောက် ရထား တစီး လမ်းချော် တိမ်းမှောက် သွားလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံး ခဲ့ရပါတယ်။

လူ တစ်ရာကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပြီး လူ ၅ဝ လောက်က စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

သူနာပြုကားတွေ၊ ရဟတ်ယာဉ် တွေနဲ့ ဒဏ်ရာပြင်းတဲ့ လူနာတွေကို မော်စကို ဆေးရုံတွေဆီ ပို့ဆောင် ပေးနေပါတယ်။

လျှပ်စစ် ဓာတ်အား ထိုးတက်သွားလို့ ရထား ရုတ်တရက် ရပ်တန့်သွားပြီး မြေအောက် ပေ ၃ဝဝ အနက်မှာ ရထားတွဲတွေ တိမ်းချော် ခဲ့ရတာ ဖြစ်တယ်လို့ ဒေသ အာဏာပိုင် တွေက ပြောပါတယ်။

မြေအောက် ရထား လမ်းကြောင်းတွေ တိုးချဲ့ဖို့ ငွေကုန်ခံ သုံးခဲ့ပေမယ့် ပြုပြင် ထိန်းသိမ်းရေးမှာတော့ ညံ့ဖျင်းတယ်လို့ မော်စကို ဒေသန္တရ အစိုးရကို ဝေဖန် ပြောဆို နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ