ဗြိတိသျှ အစိုးရ ရာထူး အပြောင်းအလဲတွေလုပ်

  • 15 ဇူလိုင် 2014
David Cameron ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ အတွက် ပြင်နေတဲ့ Cameron

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး William Hague ရာထူးက နှုတ်ထွက် သွားပြီးနောက် လစ်လပ်သွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး နေရာကို၊ လက်ရှိ ကာကွယ်ရေး ဝန်ကြီး Philip Hammond ကို ပေးလိုက် ပါပြီ။

အစိုးရ ထဲမှာတော့ မစ္စတာ ဟေ့ဂ်ဟာ အောက်လွှတ်တော်ရဲ့ ခေါင်းဆောင် တဦး အနေနဲ့ ဆက်လက် ရှိနေ ဦးမှာ ဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲ ကာလမှာ ပါလီမန်ကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။

မစ္စတာ ဟမ်မွန်က ဥရောပ သမဂ္ဂ အပေါ် သဘောထား တင်းမာသူ ဖြစ်ပြီး အီးယူ ဘက်က ရယူ ထားတဲ့ အာဏာ တွေ ပြန်တောင်း မယူနိုင်ရင် ဗြိတိန် အီးယူက နုတ်ထွက်ရေး ထောက်ခံ သွားမယ် လို့ ပြောခဲ့ဖူးပါတယ်။

ဒါဟာ ဝန်ကြီးချုပ် David Cameron ရဲ့ လာမယ့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အကြီးအကျယ် ပြင်ဆင် နေတာတွေရဲ့ အစိတ်အပိုင်း တရပ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ