အငြင်းပွား ရေပြင်က ရေနံတူးစင်ကို တရုတ် ဖယ်ရှား

  • 16 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် ရေနံတူးစင်ကြောင့် ဗီယက်နမ်နဲ့ သံတမန်ရေး ထိခိုက်ခဲ့ရ

တောင်တရုတ် ပင်လယ်ပြင်က တရုတ်နဲ့ ဗီယက်နမ် အကြား အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ရတဲ့ တရုတ်ပိုင် ရေနံတူးစင်ကို လုပ်ငန်းတွေ ပြီးဆုံးသွားလို့ ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း တရုတ်တို့က ဆိုပါတယ်။

ဗီယက်နမ် အစိုးရကတော့ သူတို့ အပိုင်လို့ ယူဆထားတဲ့ ရေပိုင်နက်ထဲမှာ နောက်ထပ် ရေနံ တူးစင်တွေ ထပ်မထားဖို့ တရုတ် အစိုးရကို သတိပေး ပြောကြားလိုက်ပါတယ်။

မေလတုန်းက တောင်တရုတ် ပင်လယ်ပြင်က Paracel ပါရာဆဲလ် ကျွန်းစု အနီးမှာ တရုတ်တို့က ရေနံတူးစင် ချထားခဲ့တဲ့အတွက် တရုတ်နဲ့ ဗီယက်နမ် အကြား သံတမန်ရေး အကြီးအကျယ် အငြင်းပွားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ ရေနံတူးစင် အနီးမှာ ဗီယက်နမ်နဲ့ တရုတ် သင်္ဘောတွေ တိုးတိုက်မှု အကြိမ် အတော်များများ ဖြစ်ပွားခဲ့ပြီး ဗီယက်နမ် နိုင်ငံတွင်းမှာလည်း တရုတ် ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပါတယ်။

တရုတ်တို့ ဘက်က အဲဒီလို ရေနံတူးစင် ချထားခဲ့တာဟာ အဲဒီ နေရာကို တရုတ်က ပိုင်ဆိုင်ကြောင်း အာဏာပြချင်တဲ့ သဘောလို့ တချို့က ယူဆခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ