အစ္စရေးက သတိပေးချက် ထုတ်ပြီး တိုးမြှင့် တိုက်ခိုက်

  • 16 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးက သတိပေးချက် ထုတ်ပြီး တိုက်ခိုက်

ဂါဇာ ကမ်းမြောင်ဒေသကို မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှု လုပ်ဖို့ အစ္စရေး အစိုးရ အဖွဲ့ဝင်တွေ ပိုမို တောင်းဆို လာကြချိန်မှာပဲ အစ္စရေး အစိုးရက လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ခဲ့ပါတယ်။

ဒီကနေ့ မနက် လင်းအားကြီး မတိုင်ခင် လေကြာင်း တိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံး ပါလက်စတိုင်း လူမျိုး ၇ ဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးကတော့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်မှာ ဖြစ်လို့ ဂါဇာဒေသ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ဒေသခံ ထောင်ပေါင်း များစွာကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြေပြင် တိုက်ခိုက်မှု လုပ်ဖို့ ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့တဲ့ အစ္စရေး ဒုတိယ ကာကွယ်ရေး ဝန်ကြီးကို အင်္ဂါနေ့တုန်းက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ရာထူးကနေ ဖြုတ်ချလိုက်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဟားမာ့စ် တို့ရဲ့ ရော့ကက် ဒုံးကျည် ပစ်ခတ်မှု အန္တရာယ်တွေ လျော့ပါးသွားအောင် လေကြာင်း တိုက်ခိုက်မှုတွေနဲ့တော့ လုပ်လို့ ရမှာ မဟုတ်ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး အဗစ်ဂ်ဒေါ လီဘာမန် Avigdor Lieberman က ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ