အီးယူ ပိတ်ဆို့မှု ရုရှား ထပ်ခံရဖွယ်ရှိဟု ဂျာမနီ ဆို

  • 16 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး လက်နက်ကိုင်တွေ

ယူကရိန်း နိုင်ငံမှာ တိုက်ခိုက်မှုတွေ လျော့သွားအောင် လုပ်ဖို့ အခုလ အစောပိုင်း တုန်းက ကတိပေး ခဲ့မှုတွေ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် ရုရှား အစိုးရအနေနဲ့ ဥရောပ သမဂ္ဂ အဖွဲ့ရဲ့ နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရင်ဆိုင်ရဖွယ် ရှိတယ်လို့ ဂျာမနီက သတိပေး ပြောကြားလိုက်ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်၊ အမေရိကန် သမ္မတ အိုဘားမားနဲ့ ယူကရိန်း သမ္မတ ပက်ထရို ပိုရို ရှန်ကို တို့ တွေ့ဆုံ ဆွေးနွေး အပြီးမှာ အခုလို သတိပေးချက် ထွက်ပေါ်လာတာပါ။

ရုရှား လိုလားတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေနဲ့ ယူကရိန်း စစ်တပ် အကြား တိုက်ပွဲတွေ အဆုံးသတ်ရေးကို ရုရှားတို့ ဘက်က ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပြင် ယူကရိန်း၊ ရုရှားနဲ့ အနောက်အုပ်စု ကြားဝင် စေ့စပ်သူတွေရဲ့ ဆွေးနွေးပွဲ တွေမှာ ခွဲထွက်ရေး သူပုန်တွေ ခုထိ ပါဝင် မလာသေးတာ အတွက်ပါ အကြီးအကျယ် စိတ်ပျက်ရကြောင်း ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ