ရုရှ ကို အမေရိကန် စီးပွားရေး ပိတ်ဆို့

  • 16 ဇူလိုင် 2014
ukraine
Image caption ယူကရိန်း အရှေ့ပိုင်း စောင့်ကြပ်ရေး အရေးကြီး

ရုရှ ကာကွယ်ရေး၊ စီးပွားရေးနဲ့ စွမ်းအင် ကုမ္ပဏီ တွေကို ပစ်မှတ်ထားပြီး အမေရိကန်က စီးပွားရေး ပိတ်ဆို့မှု အကျယ်ပြန့်ဆုံး ချမှတ် လိုက်ပါပြီ။

ရုရှ က Rosneft ရေနံ ကုမ္ပဏီကြီး အပါအဝင် လက်နက် စက်ရုံ အမြောက်အမြားနဲ့ တကွ ရုရှ ထိပ်တန်း အရာရှိ ကြီး ၄ ယောက်ကိုပါ ဒဏ်ခတ် ပိတ်ဆို့မှု တွေ ချမှတ် ခဲ့ပါတယ်။

ယူကရိန်း ပဋိပက္ခ အရှိန်လျှော့ရေး အတွက် ရုရှ ဘက်က အရေးတကြီး လုပ်ဆောင် ရမယ့် တာဝန်တွေ ပျက်ကွက် ခဲ့တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားခဲ့ ပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာ လက်နက်နဲ့ သေနတ်သမားတွေ ဥဒဟို ဝင်ထွက် နေတာကို တားဆီးဖို့၊ ခွဲထွက်ရေး သမားတွေ ဖမ်းထားတဲ့ ဓားစာခံ တွေ ပြန်လွှတ်ပေးပြီး အပစ်ရပ်စဲရေး ရယူဖို့နဲ့ ရုရှ ဘက်က နယ်စပ်ကို စောင့်ကြည့်ရေး သဘောတူညီဖို့တွေကို အမေရိကန် က တောင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ