ယူကရိန်းမှာ မလေးရှား ခရီးသည်တင် လေယာဉ်ပျက်ကျ

  • 17 ဇူလိုင် 2014
မလေးရှားလေကြောင်းပိုင် လေယာဉ်ပျက်ကျ Image copyright
Image caption မလေးရှားလေကြောင်းပိုင် လေယာဉ်ပျက်ကျ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ရုရှားလိုလားသူခွဲထွက်ရေး သူပုန်များနဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ မလေးရှား ခရီးသည်တင် လေယာဉ်ကြီး တစီးပျက်ကျ သွားတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။ အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ်ကို ပစ်ချခံရတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

မီတာ တသောင်းအမြင့်မှာ ပျံသန်းနေတဲ့ ၇၇၇ဘိုရင်းလေယာဉ်ကြီးကို ခွဲထွက်ရေးသမားတွေ ပစ်တဲ့ ဒုံးကျည်ထိမှန်တာလို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီးရဲ့ အကြံပေးပုဂ္ဂိုလ်က ပြောပါတယ်။ သူပုန်တွေဘက်ကငြင်းဆန်လိုက်ပြီး အစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ယူကရိန်း သမ္မတကတော့ လေယာဉ်ပျက်ကျတာဟာ အကြမ်းဖက်သမားတွေ လက်ချက်လို့ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ်က အခုသတင်းကြောင့် တုန်လှုပ်ခြောက်ခြား မိတယ်လို့ပြောပြီး အမြန်ဆုံး စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ