ဖိလစ်ပိုင်မှာ တိုင်ဖွန်းကြောင့် အနည်းဆုံး ၃၈ ဦးသေ

  • 17 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပျက်စီး ဆုံးရှုံးမှု တန်ဖိုး ပေါင် ၆ သိန်းနီးပါး ရှိဟု ဆို

ဖိလစ်ပိုင် နိုင်ငံမှာ တစ်နှစ်တာ အတွင်း အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ် အဖြစ် အင်အားပြင်း ရမ်မာဆွန် Rammasun တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် ခဲ့ရာမှာ အနည်းဆုံး လူ ၃၈ ဦး သေဆုံး ခဲ့ရပါတယ်။

မုန်တိုင်း ဖြတ်သန်းရာ လမ်းတလျှောက်က ဒေသခံ ၅ သိန်းကျော် ဟာလည်း အိုးအိမ်ပစ်ပြီး တိမ်းရှောင် ခဲ့ကြရပါတယ်။

သေဆုံးသူ အများစုဟာ မုန်တိုင်းကြောင့် လွင့်စင်လာတဲ့ အစအနတွေနဲ့ ထိခိုက်မိတာ၊ သစ်ပင် သစ်ကိုင်းတွေ ပိမိတာတွေကြောင့် ဖြစ်ပါတယ်။

မနီလာ မြို့တော် အရှေ့တောင်ပိုင်း တဝိုက်က သန်းနဲ့ ချီတဲ့ ဒေသခံတွေဟာလည်း လျှပ်စစ်မီး ပြတ်တောက်မီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ရမ်မာဆွန် တိုင်ဖွန်း မုန်တိုင်းဟာ အခုအခါ ဖိလစ်ပိုင်ကို ကျော်လွန်သွားပြီး တရုတ်ပြည် တောင်ပိုင်း ကမ်းရိုးတန်းကို ဦးတည်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ