ဂါဇာကို မြေပြင်တပ်တွေပါ သုံးပြီး စတိုက်

  • 18 ဇူလိုင် 2014
gaza_attacks ဓာတ်ပုံ မူပိုင် AP
Image caption ဂါဇာ အတိုက်အခိုက် ခံနေရပုံ

ဂါဇာဒေသမှာ ရှိတဲ့၊ ပါလက်စတိုင်း လက်နက်ကိုင်တွေ ကို၊ အစ္စရေး စစ် တပ်က လေတပ် ရေတပ် ပစ်ကူတွေ နဲ့အတူ ခြေလျင်တပ်တွေ သုံးပြီး စတင် တိုက်ခိုက် လာနေပါပြီ။။

ဒီ စစ်ရေး ရည်ရွယ်ချက် က၊ ဂါဇာကနေ အစ္စရေးထဲကို၊ ဖောက်လုပ်ထား တဲ့၊ လှိုင်ခေါင်းတွေကို ဖျက်စီးနိုင်ဖို့ ဖြစ်တယ်လို့၊ အစ္စရေး ဝန်ကြီးချူပ် ဘဲန်ဂျမင် နာတန်ယာဟု က၊ ပြောပါတယ်။

အစ္စရေး အစိုးရ ကက်ဘိနက်က၊ အရန် တပ်အင်အား တွေ ဆင့်ခေါ် အသုံးပြုခွင့် ပေးလိုက်ပါတယ်။

အခုဆို၊ ဂါဇာရဲ့ အရှေ့ဘက် နဲ့ မြောက်ဘက်ခြမ်း ဒေသတွ မှာ၊ အစ္စရေးရဲ့ ဗုံးကျည်ဆံတွေ အကြီးအကျယ်၊ ကျရောက် ပေါက်ကွဲနေပါတယ်။ အစ္စရေးရဲ့ သံချပ်ကာ တင့်ကား ၁၀ စင်း လောက်၊ ဂါဇာထဲ ဝင်ရောက်လာတယ် ဆိုပြီး၊ မျက်မြင် သက်သေတွေ က ဆိုပါတယ်။

ဂါဇာရဲ့ အခြေအနေကို ဖြေလျှော့ကြဖို့၊ အစ္စရေးရဲ့ ကမ်းလှမ်း ခဲ့မှုတွေဟာ၊ အကြိမ်ပေါင်းများ စွာ အငြင်းဆန် ခံခဲ့ရပြီးနောက်၊ အခုလို ခြေလျင်တပ်တွေ ပါ အသုံးပြလာရတာ ဖြစ်တယ် ဆိုပြီး၊ အစ္စရေး ဘက်က ပြောပါတယ်။ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ ပြောရေး ဆိုခွင့် ရှိသူကတော့၊ ဒီလို မြေပြင် စစ်ဆင်ရေး တွေ လုပ်လာတာဟာ၊ အလွန်ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရလာဒ်တွေ ဖြစ်ပေါ်လာမယ် လို့ ပြောခဲ့ပါတယ်။

အပစ်ရပ်ဆဲရေး သဘောတူညီမှုကို ရဖို့ ၂ ဘက်စလုံး ကို အီဂျစ်နိုင်ငံ အနေနဲ့ ဆက်လက် တွန်အားပေး သွားမယ် လို့ အီဂျစ်နိုင်ငံ ရဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ရွှတ်ကရီ က ပြောပါတယ်။

ဒီ အချိန်မှာပဲ၊ အခုလ အစောပိုင်းက၊ အရှေ့ ဂျေရူဆလင်မ် မှာ ဖြစ်ပွားခဲ့တဲ့၊ ပါလက်စတိုင်း လူငယ် တစ်ဦး ပြန်ပေးဆွဲ သတ်ဖြတ် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး၊ အသက် ၂၉ နှစ် အရွယ် အရွယ် ဂျူး လူမျိုး တစ်ဦးနဲ့၊ ၁၆ နှစ်အရွယ် လူငယ် ၂ ဦးကို၊ အစိုးရ ရှေ့နေတွေက၊ တရားစွဲဆို လိုက်တယ် လို့၊ အစ္စရေး တရားရေးဌာနက ပြောပါတယ်။

ဆယ်ကျော်သက် အရွယ် ပါလက်စတိုင်း လူငယ် Mohammed Abu Khder ဟာ၊ ဖဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ရပြီးနောက်၊ ရိုက်နှက်ခံရကာ၊ အရှင်လတ်လတ် မီးရှို့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ