အီဂျစ် နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရ

  • 20 ဇူလိုင် 2014
_egypt_explosion ဓာတ်ပုံ မူပိုင် Getty
Image caption အီဂျစ် တိုက်ခိုက်ခံရမှု တစ်ခု

အီဂျစ်နိုင်ငံ အနောက်ဘက်ပိုင်း မှာ၊ နယ်ခြားစောင့် ဂိတ်တစ်ခု အတိုက်အခိုက် ခံခဲ့ရပြီး၊ အနည်းဆုံး တပ်သား ၂၀ သေဆုံး ခဲ့ရတယ် လို့၊ အီဂျစ် အာဏာပိုင်တွေ က ပြောပါတယ်။ လစ်ဗျား နဲ့ နယ်စပ်အနီးက စခန်းကို၊ လက်နက်ကိုင်တွေ က၊ စက်သေနတ် လောင်ချာ စတဲ့ လက်နက်တွေ သုံးပြီး၊ အပြင်းအထန်၊ လာရောက် တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံပိုင် သတင်းဌာန က၊ အခုလို လာရောက် တိုက်ခိုက်ခဲ့သူတွေ ကို၊ မှောင်ခို ကုန်ကူးသူတွေ ဆိုပြီး ဖော်ပြ နေပေမယ့်၊ အီဂျစ် စစ်ဘက် ကတော့၊ အဲဒီ့သူတွေဟာ၊ အစ္စလာမ်မစ် လက်နက်ကိုင်တွေ လို့ ဆိုနေပါတယ်။

လာရောက် တိုက်ခိုက်ခဲ့သူတွေ ထဲက ၃ ဦး သေဆုံး သွားတယ်လို့ လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ