ဂါဇာမှာ တိုက်ပွဲပြင်းထန်၊ လူ အများအပြား သေ

  • 21 ဇူလိုင် 2014
_sp_gaza ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ဘေးစစ်ဒဏ် သင့်ခံနေရတဲ့ ဂါဇာ

ဂါဇာမှာ တိုက်ပွဲတွေ ပြင်းထန်လာနေ ပြီး၊ မနေ့က လူ အသေ အပျောက် အများဆုံး ဖြစ်ခဲ့ရပါတယ်။ အရပ်သား အများစု ဖြစ်တဲ့ ပါလက်စတိုင်း ၉၀ နီးပါး သေဆုံးခဲ့သလို၊ အစ္စရေး စစ်သား ၁၃ ဦးလည်း သေဆုံးခဲ့ပါ တယ်။

သေဆုံးသွားတဲ့ ပါလက်စတိုင်းတွေ ထဲမှာ၊ ဂါဇာ မြို့တော်ရဲ့ ဆင်ခြေဖုံး လူနေထူထပ်တဲ့ အက်ရှာဂျိုင်ယာ မှာ၊ ကျရောက်ခဲ့တဲ့ ဗုံးတွေကြောင့်၊ လူ ၆၀ ကျော် သေဆုံးခဲ့တာ အပါအဝင် ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့၊ အစ္စရေး စစ်သား တစ်ဦးကို လက်ရ ဖမ်းထားတယ်လို့၊ ကြေညာထားပါတယ်။

ဂါဇာမှာ လုပ်ဆောင်နေ တဲ့၊ အစ္စရေးတို့ ရဲ့ စစ်ရေး ဆောင်ရွက်မှုတွေ နဲ့ ပတ်သက်ပြီး၊ အစ္စရေး ဝန်ကြီးချူပ် နာတန်ယာဟုရဲ့၊ ရုပ်မြင်သံကြားကနေ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ အစ္စရေး နိုင်ငံသားတွေ ငြိမ်းငြိမ်း ချမ်းချမ်း နေသွားနိုင်တဲ့ အခြေအနေ ရောက်တဲ့အထိ၊ စစ်ရေး ဆောင်ရွက်ချက်တွေကို လိုအပ်သလို တိုးမြှင့်သွားမယ် ဆိုပြီး ပါဝင်ပါတယ်။

ဂါဇာအရေးနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးလည်း ခေါ်ယူဖို့ရှိပါတယ်။

အက်ရှာဂျိုင်ယာ မှာ၊ အရပ်သားတွေ ကို သတ်ဖြတ်မှု အတွက်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘဲန်ကီမွန်းက၊ အစ္စရေး အပေါ် ပစ်တင် ရှုံ့ချလိုက်သလို၊ အကြမ်းဖက် ဖြစ်ရပ်တွေ ချက်ခြင်း ရပ်တန့်ရမယ် ဆိုပြီးတော့ လည်း ပြောကြားခဲ့ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ