အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှု လူ ၆၀ သေဆုံး

  • 20 ဇူလိုင် 2014

အစ္စရေး တို့ကနေ ဂါဇာကို လေကြောင်း တိုက်ခိုက် မှုတွေ စတင် ကတည်းက အခု အချိန် အထိ အကြီးမား ဆုံး ဗုံးကြဲ တိုက်ခိုက်မှု တခု အတွင်း ရပ်ကွက် တခု တည်း မှာတင် အနည်း ဆုံး လူ ၆၀ လောက် သေဆုံး သွားတယ်လို့ သတင်းတွေ ရရှိ ပါတယ်။

ရှေဂျေယာ ရပ်ကွက် ထဲမှာ လူသားချင်း ကူညီမှု ဆိုင်ရာ ကိစ္စတွေ အတွက် အစ္စရေး နဲ့ ဟားမတ်စ် အကြား အပစ် အခတ် ရပ်စဲရေး သဘောတူ ထားချက်ဟာ တနာရီ ပဲ ကြာခဲ့ပြီးနောက် သေနတ်သံ တွေကို အဲဒီမှာ ပြန်ကြားခဲ့ရ ပါတယ်။

ဟားမတ်စ် အဖွဲ့ပြောခွင့်ရ ဆာမီ အဘူ ဇူရီ ကတော့ အစ္စရေး တို့ရဲ့ ကျူးကျော် တိုက်ခိုက် မှုဟာ ရှေဂျေယာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် ကျူးလွန်တာ ဖြစ်တယ်၊ ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါ တယ်။

ရှေဂျေယာ ရပ်ကွက် ကနေ ပြန်လာတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတာ့ ခေတ္တ ခဏ အပစ် ရပ်ရေး မတိုင်ခင်၊ အစ္စရေး ဘက်ကနေ အမြောက် တွေနဲ့ မရပ် တန်း တရစပ် ပစ်ခတ် ခဲ့တာလို့ ဆိုပါတယ်။

ဒီအတွက် တရပ်ကွက် လုံး ထွက်ပြေး ခဲ့ကြရကုန်ပြီး၊ များစွာ သော အိမ်တွေ ဟာ လည်း ဝပ်ပြား သွားခဲ့ ရပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ