တရုတ် မက်ဒေါနယ်နဲ့ ကေအက်ဖ်စီ အသားဝယ်မှု ရပ်

  • 21 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘေဂျင်းမြို့က ကေအက်ဖ်စီ ဆိုင်ခွဲတစ်ခု

တရုတ်နိုင်ငံမှာ ဖွင့်ထားတဲ့ မက်ဒေါနယ်နဲ့ ကေအက်ဖ်စီ အပါအဝင် အမြန် ဝယ်ယူ စားသုံးနိုင်တဲ့ ဆိုင်ခွဲတွေဟာ ရှန်ဟိုင်းမြို့ အသားကုမ္ပဏီ တစ်ခုဆီက အသားတွေ ပုံမှန် ဝယ်ယူနေမှုကို ရပ်ဆိုင်း ထားလိုက်ပါတယ်။

Husi Food Co ဆိုတဲ့ အဲဒီ ကုမ္ပဏီက အသားတွေဟာ ရက်လွန်တွေ ဖြစ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာလို့ ခုလို ဝယ်ယူမှု ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီ အလုပ်သမားတွေဟာ ရက်လွန် ကြက်သားနဲ့ အမဲသားတွေကို လတ်ဆတ်တဲ့ အသားတွေနဲ့ ရောနှောပြီး စစ်ဆေးသူတွေကို လှည့်ဖျားခဲ့တယ်လို့ ဒေသတွင်း သတင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ အသားစက်ရုံကို ပိတ်လိုက်ပြီ ဖြစ်ပြီး ရဲတွေက စုံစမ်း စစ်ဆေးမှု စတင် ပြုလုပ်နေပါတယ်။

တရုတ်နိုင်ငံမှာ စားသောက်ကုန်တွေနဲ့ ပတ်သက်တဲ့ မမှန်မကန် လုပ်ဆောင်မှု ပြဿနာတွေ အတော်များများ ဖြစ်ခဲ့ပြီးတဲ့နောက် စားစရာတွေ အန္တရာယ်ကင်းရှင်းမှု အပေါ် လူတွေရဲ့ ယုံကြည်မှု အကြီးအကျယ် ထိခိုက် ကျဆင်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ