ဂါဇာမှာ အပစ်ရပ်ဖို့ လုံခြုံရေး ကောင်စီ တောင်းဆို

  • 21 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူ ပါလက်စတိုင်း ၅၀၀ ကျော်သွား

ဂါဇာ ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆို လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကလည်း အပစ်အခတ် ရပ်စဲရေး နောက်ထပ် စေ့စပ် ညှိနှိုင်းဖို့အတွက် အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဂါဇာမှာ သေဆုံးသူ ပါလက်စတိုင်း အရေအတွက် စုစုပေါင်း ၅၀၀ ကျော်သွားပြီလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေး ဘက်ကတော့ တနင်္ဂနွေနေ့က စစ်သား ၁၃ ယောက် ကျဆုံးခဲ့ပါတယ်။

အမေရိကန်နဲ့ အီဂျစ် အပြင် ကာတာနဲ့ ပြင်သစ် နိုင်ငံ တို့ကလည်း အစ္စရေးနဲ့ ပါလက်စတိုင်းကြား သဘောတူညီမှု တစ်ခု ရဖို့ ကြိုးပမ်းမှုမှာ အနီးကပ် ပါဝင် ဆောင်ရွက်နေပါတယ်။

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ အီဂျစ် နိုင်ငံက တောင်းဆိုထားရာမှာ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ လုံခြုံရေး ကောင်စီက သဘောတူထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ