မလေးရှားလေယာဉ် ပျက်ကျမှု စုံစမ်းစစ်ဆေးရေး

  • 21 ဇူလိုင် 2014
caja_negra_304x171 ဓာတ်ပုံ မူပိုင် Getty
Image caption လေယာဉ်ခရီးစဉ် မှတ်တမ်းတင် Black Box

မလေးရှားလေယာဉ် ပျက်ကျပြီးတဲ့ နောက်ပိုင်း ရုရှ နဲ့ ရုရှလိုလား တဲ့ ယူကရိန်းသူပုန်၊ ယူကရိန်း အစိုးရ၊ လေယာဉ်ပျက်ကျရာမှ သေဆုံးသူ ခရီးသည် တွေ နဲ့ သက်ဆိုင်ရာ နိုင်ငံတွေ အကြား အခြေအတင်၊ အငြင်းပွား၊ တဖက်နဲ့ တဖက် စွပ်စွဲမှု တွေ ရက်အတန်ကြာ ဖြစ်ပွား ရာမှာ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ အရေးပေါ်အစည်းအဝေး တွေ ခေါ်ခဲ့ ရပါ တယ်။

ဒီခရီးသည်တင် လေယာဉ် ကို ရုရှလုပ် မြေပြင်မှ ဝေဟင် ပစ် ဒုံးပျံနဲ့ ယူကရိန်း သူပုန်တွေ ပစ်တာ လို့ အမေရိကန် က စွပ်စွဲ သလို၊ တဖက်ကလည်းငြင်းပါတယ်။ ဒါကို အဖြေပေးနိုင်တာကတော့၊ လေယာဉ်ခရီးစဉ် မှတ်တမ်းတင် ကိရိယာ Black Box က အဓိက ခရာကျပါတယ်။ ပထမ ပိုင်း က ဒီ Black Box က ပျောက်နေ ပါတယ်။ အခုတော့၊ သူပုန် ခေါင်းဆောင် အလက်ဇန်းဒါး ဘိုရိုဒိုင် က မလေးရှား အာဏာပိုင်တွေ လက်ထဲ ပြန်အပ်မယ် လို့ ပြောတဲ့ အကြောင်း မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် က မနေ့ က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

သူ့ အနေနဲ့ ဒီသဘောတူညီချက် ကို အလေးအနက်ထား၊ အကောင်အထည် ဖေါ်ရာမှာ သက်ဆိုင်ရာ နိုင်ငံတွေ၊ ကျန်ရစ်သူ မိသားစုတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ ပန်ကြား လိုက်ပါတယ်။ ဒါမှသာ သေဆုံးသူတွေ ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်း တွေ ပြန်ရမှာ ဖြစ်သလို၊ လေယာဉ်ပျက်ရခြင်း အကြောင်းရင်း စုံစမ်းနိုင်မယ့် Black Box လည်း ပြန်ရမယ်လို့ ပြောပါတယ်။ နောက်တဆင့် က လေယာဉ်ပျက်ကျရာ နေရာ ကို လည်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူ တွေ ကိုယ်တိုင်၊ ဝင်ရောက်ခွင့် အပြည့်အဝ ရရှိရေး၊ အာမခံချက် ရဖို့လည်း အရေးကြီးကြောင်း၊ ဝန်ကြီးချုပ် ရာဇတ် က ပြောတာပါ။

မလေးရှား လေယာဉ်ပျက်ကျမှု မှာ အများနဲ့ တယောက် လို၊ ဖြစ်နေသူ ကတော့ ရုရှ သမ္မတ ပူတင်ပါ။ သူ့ဘက်ကလည်း ယူကရိန်း မှာ ဖြစ်နေတဲ့ အငြင်းပွားမှု အဆုံးသတ်ရေး နဲ့ လေယာဉ်ပျက်ကျတဲ့ နေရာ ကိုလည်း စုံစမ်းစစ်ဆေး အဖွဲ့ ရောက်ဖို့ သူ့ ဘက်က လိုအပ်တဲ့ အကူအညီမှန် သမျှ ပေးမယ် လို့ ဆိုပါတယ်။

သူတဆက်ထဲ ပြောတဲ့ အထဲမှာ ဒီကြေကွဲဖွယ် အဖြစ်ဆိုး အပေါ် မှာ နိုင်ငံရေး အရ အမြတ်မထုတ်ကြပါနဲ့။ အားလုံးစုစုစည်းစည်း နဲ့ ဆောင်ရွက်ရမယ့် အရေးမှာ မညီညွတ်ရင် စိတ်သဘောထား တွေ ပိုကွဲပြား သွားနိုင်ပါတယ် လို့ သမ္မတပူတင် ပြောပါတယ်။

ရုရှား နဲ့ ယူကရိန်း အစိုးရကြားမှာ တော့၊ အငြင်းပွားစရာ အသစ် ထပ်မံ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန က၊ မလေးရှား လေယာဉ် ပျက် မကျမီ၊ ယူကရိန်း စစ်လေယာဉ် တစင်း ဟာ ပစ်ကွင်းထဲ ဝင်တဲ့ နေရာမှာ ပျံသန်းတယ် လို့ ဆိုပါတယ်။ ဒါကို လည်း ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကို ပယ်ချယင်း၊ ယူကရိန်း လေယာဉ်တွေ အားလုံး လေယာဉ်ကွင်း တွေ မှာပဲ ရှိနေတယ် လို့ ပြောပါတယ်။