စစ်ရာဇဝတ်မှု ဖြစ်နိုင်ဟု အစ္စရေးကို ကုလ သတိပေး

  • 23 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အရပ်သားတွေ ကြားမှာ ဟားမတ်စ်တွေ အကာအကွယ် ယူနေဟု အစ္စရေးက စွပ်စွဲ

ဂါဇာ ဒေသမှာ အစ္စရေးတို့ရဲ့ ထိုးစစ် ဆင်နေမှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေ ခိုင်ခိုင်မာမာ ရှိနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောလိုက်ပါတယ်။

အစ္စရေးဘက်က ပြောတဲ့ အရပ်သားတွေ မသေဆုံးအောင် ကာကွယ်ဖို့ လိုအပ်တဲ့ ကြိုတင် သတိပေးမှုတွေ အားလုံး လုပ်ခဲ့တယ် ဆိုတဲ့အပေါ် သံသယ ရှိတယ်လို့လည်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ Navi Pillay က ပြောပါတယ်။

ဖြစ်ရပ် တစ်ခုကို သူမက ထုတ်ပြရာမှာ လွန်ခဲ့တဲ့ တစ်ပတ်က ဂါဇာ ကမ်းခြေမှာ ကစားနေကြတဲ့ ကလေး ၇ ယောက်ကို တမင် ပစ်မှတ်ထား ခဲ့ပုံရတဲ့ တိုက်ခိုက်မှုဟာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို အစ္စရေးက ဂရုမစိုက်တဲ့ ထိတ်လန့်စရာ အထောက်အထား တစ်ခုဖြစ်ကြောင်း သူမက ပြောပါတယ်။

ဒါ့အပြင် ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေက ရော့ကက် ဒုံးကျည်တွေနဲ့ အစ္စရေးဘက်ကို ပစ်ခတ်နေတာကိုလည်း သူမက ရှုတ်ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ