၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင် ရုရှားကို ဂျာမနီ ကန့်ကွက်

  • 23 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ၂၀၁၈ အိမ်ရှင် ကျင်းပခွင့်ကို ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာက သမ္မတ ပူတင်ကို လွှဲပြောင်းပေးစဉ်

၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ပြိုင်ပွဲကို ရုရှား နိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် မပြုဖို့ ဂျာမနီ နိုင်ငံက နိုင်ငံရေး သမား တချို့က တောင်းဆို ခဲ့ကြပါတယ်။

ယူကရိန်း နိုင်ငံက ခွဲထွက်ရေး သမားတွေကို ရုရှားနိုင်ငံက အထောက်အပံ့ ပေးနေတာနဲ့ ပတ်သက်လို့ ဥရာပ သမဂ္ဂ အနေနဲ့ ရုရှားကို ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူမယ် ဆိုရင် တခြား အရေးယူတာတွေထက် ဒါက ပိုထိရောက်တယ်လို့ သူတို့က ပြောပါတယ်။

ဂျာမနီက နာမည်ကြီး မဂ္ဂဇင်း တစ်စောင်ရဲ့ စစ်တမ်း အရ ဂျာမနီ နိုင်ငံသား ၆၀ ရာခိုင်နှုန်းက ဒါကို ထောက်ခံကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရုပ်သိမ်း မသိမ်း ဆိုတာ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ကသာ ဆုံးဖြတ်ခွင့် ရှိပါတယ်။

ရုရှားနိုင်ငံကို ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ အိမ်ရှင် အဖြစ် ၂၀၁၀ ဒီဇင်ဘာ တုန်းက ဖီဖာက မဲနှိုက် ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ