ဓနသဟာယ အားကစားပွဲ ဖွင့်လှစ်

  • 24 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဂလာစဂိုမြို့ ဓနသဟာယ အားကစား ပွဲစဉ်တွေမှာ အားကစား သမား ၄ထောင် ကျော်လောက် ပါဝင်ယှဉ်ပြိုင်ဖို့ ရှိ

အကြိမ်နှစ်ဆယ်မြောက် ဓနသဟာယ အားကစားပွဲတော်ကို စကော့တလန်ပြည်နယ် ဂလာစဂို မြို့မှာ အဲလစ်ဇဘက် ဘုရင်မကြီးက အခမ်းအနားနဲ့ ဖွင့်လှစ်ပေးလိုက်ပါတယ်။

အားကစားပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် နိုင်ငံပေါင်း ၇၁နိုင်ငံ စလုံးကို ဖြတ်သန်း သယ်ဆောင်လာတဲ့ လက်ဆင့်ကမ်း တုတ်တံ ထဲက သဝဏ်လွှာ အမှာစကားကို ဘုရင်မကြီးက ဖတ်ကြားသွား ခဲ့ပါတယ်။

အားကစားပွဲ ဖွင့်လှစ်ကြောင်း ဘုရင်မကြီးက ကြေညာလိုက်တဲ့အချိန်မှာ အခမ်းအနား ကျင်းပရာ Celtic Park အားကစားရုံကြီးရဲ့ အပေါ် ကောင်းကင်ယံမှာ မီးရှူးမီးပန်းတွေ ဖောက်လွှတ်ခဲ့ပါတယ်။

စကော့တလန်ပြည်နယ် တဝှမ်းက အားကစားရုံတွေမှာ ၁၁ရက်ကြာ ကျင်းပမယ့် ပွဲစဉ်တွေအတွင်း အားကစားသမား ၄ထောင်လောက် ပါဝင် ယှဉ်ပြိုင်ကြပါလိမ့်မယ်။