အနောက်ဘက်ကမ်းခြေမှာ အဓိကရုဏ်းတွေ ဖြစ်

  • 25 ဇူလိုင် 2014
qalandia_checkpoint_ ဓာတ်ပုံ မူပိုင် Reuters
Image caption အနောက်ဘက်ကမ်းခြေ ကာလန်ဒီယာ စစ်ဆေးရေးဂိတ် အနီးက အဓိကရုဏ်း

အစ္စရေး နဲ့ ဟားမတ်စ်အဖွဲ့ နှစ်ဘက်စလုံး ကို၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘဲန်ကီမွန်းက၊ ကိုယ့် ပြည်သူတွေကို ကိုယ်ပြန် သတ်နေ ကြတာဟာ မလုပ်သင့် မလုပ်အပ် တဲ့ အရာဖြစ်တယ် ဆိုပြီး၊ ရှုံ့ချ ပစ်တင်လိုက်ပြီး၊ ဂါဇာမှာ အပစ်အခတ် ရပ်စဲကြကာ၊ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး ကြဖို့ကိုလည်း တိုက်တွန်း လိုက်ပါတယ်။

မစ္စတာ ဘဲန်ဟာ၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မှာ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့၊ စကားပြောဆို ခဲ့အပြီး၊ အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။ ဂါဇာဒေသ၊ ဘိတ်ထ် ဟာနူးန် အရပ်မှာ ရှိတဲ့၊ ကုလသမဂ္ဂ က ဖွင့်လှစ်ထားတဲ့ ကျောင်း၊ အစ္စရေးတို့ရဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ အပေါ်လည်း၊ တုန်လှုပ်ရကြောင်း မစ္စတာ ဘဲန်က ဆိုပါတယ်။

တခါ၊ အနောက်ဘက် ကမ်းခြေဒေသက စစ်ဆေးရေး ဂိတ် တစ်ခု အနီးမှာ လည်း၊ ပါလက်စတိုင်း ဆန္ဒပြသမားတွေ နဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြား၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အနည်းဆုံး ပါလက်စတိုင်း ၁ ဦး သေဆုံးသွားတယ် လို့ သတင်းတွေ ထွက်ပေါ် လာပါတယ်။ အစ္စရေး တပ်ဖွဲ့တွေ ကို သေနတ်နဲ့ ပစ်ခတ်တာမျိုး ရှိတယ်လို့ လည်း အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီ အချိန်မှာပဲ၊ ဟားမတ်စ် အဖွဲ့ ခေါင်းဆောင် ခါလစ် မက်ရှ်ရှားလ် က၊ သူတို့ အနေနဲ့ အပစ်ရပ်စဲရေး ကို အမြန်ဆုံး ရယူလိုပါတယ်၊ ဒါပေမယ့် ဂါဇာဒေသ ကို အစ္စရေးတို့ ဘက်က ၈ နှစ်ကြာ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းပေးမယ် ဆိုတဲ့ စစ်မှန်တဲ့ ဂတိပြုမှု ရမှ ဖြစ်မယ် လို့၊ ဘီဘီစီကို ပေးခဲ့တဲ့ သီးသန့် အင်တာဗျူးထဲ မှာ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ