အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်ဖို့ ISIS အမိန့်ထုတ်

  • 24 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ် အနောက်မြောက်ပိုင်း နေရာ အများစုကို စစ်သွေးကြွတွေ သိမ်းထား

အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ် မြို့ တဝိုက်က အမျိုးသမီး တွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေး ဆိုင်ရာ အမိန့်ထုတ် ထားကြောင်း ကုလ သမဂ္ဂက ပြောကြား ပါတယ်။

ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ အမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်း လောက် ထိခိုက် ခံစား ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ် ကမ္ဘာက လူမှု ကွန်ယက် တွေမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ