ဂါဇာ တိုက်ခိုက်မှုတွေအတွက် လူ့အခွင့်ရေး ကောင်စီမှာ မဲခွဲ

  • 24 ဇူလိုင် 2014
ဂါဇာမှာအစ္စရေး ဝင်ရောက်တိုက်ခိုက် ဓာတ်ပုံ မူပိုင် AFP
Image caption ဂါဇာမှာအစ္စရေး ဝင်ရောက်တိုက်ခိုက်

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး နာဗီပီလေးက အစ္စရေးတို့ရဲ့ ဂါဇာမှာ တိုက်ခိုက်မှုဟာ အရပ်သားတွေရဲ့လုံခြုံမှုအတွက်လိုအပ်တဲ့ အကာအကွယ် ယူထားတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီမှာ ပြောပါတယ်။

ဂါဇာကမ်းခြေမှာရှိတဲ့ ကစားနေတဲ့ ကလေးတွေကို အခုလ စောစောပိုင်းက တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားခြင်းစာနာတဲ့ဥပဒေကို အလေးမထားရာ ရောက်နေတယ်လို့လူ့အခွင့်အရေး ကောင်စီအရေးပေါ်အစည်းအဝေးမှာ ပီလေးက ပြောကြာသွားပါတယ်။

နောက်တခါ ဟာမားစ်အဖွဲ့ကနေ အစ္စရေးကို တလစပ် ရော့ကက်နဲ့ ပစ်တာကိုလည်း ပီလေးက ရှုတ်ချ လိုက်ပါတယ်။ အခုလိုနိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်းဖို့ပီလေး ပြောတာကို အစ္စရေးက ဒေါသဖြစ်ပြီး အကြမ်းဖက် သမားတွေရဲ့ ကျူးကျော် တိုက်ခိုက်မှုကို သူ့နိုင်ငံက ကာကွယ်နေတာ ဖြစ်တယ်လို့ အစ္စရေး သံအမတ်ကြီးကပြောပါတယ်။ အခုလိုစုံစမ်းဖို့ ဆုံးဖြတ်တာကလည်း အစ္စရေးနဲ့ဂါဇာ ပြဿနာမှာ သဘောထားကွဲတာကိုပြသနေပါတယ်။ စုံစမ်းဖို့ အာဖရိက လက်တင်အမေရိက အရှေ့အလယ်ပိုင်း နိုင်ငံတွေက ထောက်ခံပြီး ဥရောပနိုင်ငံတွေက မဲမပေးပဲနေကြပါတယ်။ အမေရိကန်ကတော့ ကန့်ကွက်ခဲ့ပါတယ်။

ယူကေ နိုင်ငံခြားရေးဝန်ကြီး ဖီးလစ်ဟာမန်ကတော့ လူ့အခွင့်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အခြေအနေကိုပိုရှုတ်ထွေးစေပြီး ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုနိုင်ဘူးလို့ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဒေသတွင်းမှာ ရောက်ရှိနေပြီး အစ္စရေးနဲ့ ပါလက်စတိုင်း၂ဖက်စလုံးမှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ အပစ်အခတ်ရပ်စဲရေး ရအောင် ကြိုးပမ်းနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ