ခရီးသည် အလောင်းတွေကို ဒုတိယနေ့ ဆက်သယ်

  • 24 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဒုတိယနေ့ အသုတ် တင်ဆောင်စဉ်

မလေးရှား လေယာဉ် ပျက်ကျမှုက ရုပ်ကြွင်း တွေကို သယ်ဆောင်လာတဲ့ နောက်ထပ် လေယာဉ် ၂ စင်း ယူကရိန်းကနေ နယ်သာလန်ကို ထွက်ခွာ လာပြီ ဖြစ်ပါတယ်။

ရုပ်ကြွင်းနဲ့ အပိုင်းအစတွေ ထည့်ထားတဲ့ အိတ်ပေါင်း ၅၁ အိတ်ကို ကုန်တင် လေယာဉ် ၂ စီးမှာ တင်ဆောင် လာတယ်လို့ သိရပါတယ်။

ဗုဒ္ဒဟူးနေ့ကလည်း ရုပ်အလောင်းတွေကို လေယာဉ် ၂ စီးနဲ့ သယ်ဆောင်ခဲ့ပြီး ခရီးသည် ၄၀ ရဲ့ အလောင်းတွေ နယ်သာလန်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

သေဆုံးသူ ခရီးသည် ၂၉၈ ယောက်ကို ခွဲခြားဖို့ စစ်ဆေးမှုတွေလဲ နယ်သာလန်မှာ စတင် လုပ်ဆောင် နေပါပြီ။

ဥရောပ သမဂ္ဂကတော့ ရုရှကို ဘယ်လို ဒဏ်ခတ် ပိတ်ဆို့မလဲ ဆုံးဖြတ်ဖို့ ရှိပြီး နောက်တပတ်မှာ ဆုံးဖြတ် နိုင်လိမ့်မယ်လို့ ဥရောပ ကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ယူကရိန်း အရှေ့ပိုင်း လေယာဉ် ပျက်ကျတဲ့ နေရာ အနီးက ရုရှ ဘက်တော်သား စစ်သွေးကြွ တွေကို ရုရှက သေချာ ထိန်းချုပ်မှု မလုပ်ဘူးလို့ ဥရောပ ခေါင်းဆောင် တွေက ရှုမြင်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ