မာလီကို ပြင်သစ် စုံစမ်းရေးတွေ သွားပြီ

  • 26 ဇူလိုင် 2014
_algeria_plane_crash ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ် အပျက်အစီး အပိုင်းအစတွေ

အယ်လ်ဂျီးရီးယား ပိုင် လေကြောင်းလိုင်း က လေယာဉ်၊ ပျက်ကျခဲ့တဲ့၊ မာလီနိုင်ငံထဲ က နေရာကို၊ ပြင်သစ်ရဲ့ လေကြောင်း ထိခိုက်မှု ဆိုင်ရာ စုံစမ်းရေးသမား တွေ သွားရောက် နေပြီ ဖြစ်ပါ တယ်။

ဒီ ပျက်ကျမှု မှာ၊ လိုက်ပါသွားခဲ့ တဲ့ လူ ၁၁၆ ယောက် စလုံး သေဆုံးခဲ့ ပြီး၊ ဒီ အထဲက ခရီးသည် ၅၄ ဦး ဟာ ပြင်သစ်နိုင်ငံသား တွေ ဒါမှမဟုတ် ပြင်သစ်နိုင်ငံသား အပါအဝင် ၂ နိုင်ငံ နိုင်ငံသား အဖြစ်၊ ခံယူ ထားကြသူတွေ လို့၊ ပြင်သစ် အာဏာပိုင်တွေ က အတည်ပြု ပြောကြားပါတယ်။

လေယာဉ်ပျက်ကျရာ နေရာက၊ အပျက်အစီး အပိုင်းအစတွေကို တော့၊ ရောက်နှင့်နေပြီး ပြင်သစ် တပ်ဖွဲ့ဝင်တွေ က၊ ခြေရာလက်ရာ မပျက်ရအောင် စောင့်ရှောက်လျက် ရှိနေပါတယ်။

လေယာဉ် ပျက်ကျမှုမှာ ပြင်သစ်နိုင်ငံ ဘက်က၊ ဆောင်ရွက် နေတာတွေ နဲ့ ပတ်သက်ပြီး အဲဒီ့နေရာ ကို ရောက်နှင့်နေ ပြီး ပြင်သစ် တပ်ဖွဲ့ဝင်တွေ ဟာ၊ လေယာဉ် ပျံသန်းမှု အသံသွင်း မှတ်တမ်းကို တွေ့ရှိခဲ့ပြီး ဖြစ်သလို၊ ဒီ အဖြစ်ဆိုး ဖြစ်ပေါ်ခဲ့ရတာ ရဲ့ အကြောင်း အရင်းခံကို စုံစမ်း နေပါတယ် လို့ ပြင်သစ် သမ္မတ Francois Hollande က၊ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ