အပစ်ရပ်ရေး အစီအစဉ် အစ္စရေး ဆွေးနွေးမယ်

  • 25 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူ ပါလက်စတိုင်း ၈၀၀ ကျော်ပြီ

ဂါဇာက ဒုက္ခသည်တွေကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အမေရိကန်ရဲ့ တင်ပြချက်ကို အစ္စရေး လုံခြုံရေး ဆိုင်ရာ ဝန်ကြီး အဖွဲ့က မကြာခင် ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာက သံတမန် နည်းလမ်းအရ ပိုမို အားစိုက် ကြိုးပမ်း ဆောင်ရွက် လာကြပြီးနောက်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြဿနာ ဖြစ်နေတဲ့ နှစ်ဘက် စလုံးကို အပစ်ရပ်ရေး အစီအစဉ်တွေ တင်ပြထား ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီ အပစ်ရပ်ရေး အကြံပြုချက်ထဲမှာ ပါလက်စတိုင်းနဲ့ အစ္စရေး နှစ်ဘက် အရာရှိတွေ တွေ့ဆုံ ဆွေးနွေးဖို့နဲ့ အဲဒီနောက် တနင်္ဂနွေနေ့မှာ စတင်မယ့် တစ်ပတ်ကြာ အပစ်ရပ်ရေး အစီအစဉ် စတင်ဖို့ ဆိုပြီး အဆင့် ၂ ဆင့် ပါဝင်တယ်လို့ ယူဆရပါတယ်။

နှစ်ဘက် အရာရှိတွေ တွေ့ဆုံမယ့် ဆွေးနွေးပွဲကို တခြား နိုင်ငံတွေလည်း တက်ရောက်ဖွယ် ရှိပါတယ်။

ခုချိန်ထိ ဂါဇာ ဒေသ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်ကတော့ ၃၅ ယောက် သေဆုံးပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ