လေယာဉ်ပျက်က အလောင်းတွေ ပြင်သစ်ကို သယ်မယ်

  • 27 ဇူလိုင် 2014
francois_hollande_ ဓာတ်ပုံ မူပိုင် Reuters
Image caption လေယာဉ်ပျံ ပျက်ကျမှု အတွက် နိုင်ငံခြားရေးရုံး အရှေ့ မိန့်ခွန်းပေးနေ တဲ့ ပြင်သစ် သမ္မတ

အာဖရိက အနောက်ဘက်ခြမ်း မှာ ပျက်ကျခဲ့တဲ့၊ အယ်လ်ဂျီးရီးယားပိုင် လေကြောင်းလိုင်း က လေယာဉ်ပေါ် လိုက်ပါသွားခဲ့ကြတဲ့၊ ခရီးသည်နဲ့ ဝန်ထမ်း ၁၁၈ ဦး ရဲ့ ရုပ်အလောင်းတွေ ကို၊ ပြင်သစ်နိုင်ငံဆီ တတ်နိုင်သမျှ အမြန်ဆုံး သယ်ဆောင် ပေးပါမယ် ဆိုပြီး၊ ပြင်သစ် သမ္မတ ဖရောင်ဆွာ အိုလော်န့် က၊ ဂတိပြု လိုက်ပါ တယ်။

သေဆုံး ခဲ့ကြသူတွေထဲ က တစ်ဝက်လောက် ဟာ၊ ပြင်သစ် နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒီ အဖြစ်ဆိုးကြောင့်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့၊ ပြင်သစ်နိုင်ငံ တဝှမ်းက၊ အစိုးရ ရုံး အဆောက်အဦတွေမှာ၊ တနင်္လာနေ့က စပြီး ၃ ရက်တိုင်တိုင် အလံကို တ၀က်ချ လွှင့်ထူမယ် ဆိုပြီးတော့ လည်း၊ ကျန်ရစ်သူ မိသားစုဝင်တွေ နဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ အိုလော်န့် က ပြောပါတယ်။

လေယာဉ်ဟာ မာလီ နိုင်ငံ အတွင်းမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး၊ ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းခံ ကို ဖော်ထုတ်ဖို့ ပြင်သစ် အစိုးရ အနေနဲ့ ဆုံးဖြတ်ထားတဲ့ အကြောင်းကိုလည်း မစ္စတာ အိုလော်န့် က အလေးထား ပြောခဲ့ပါ တယ်။

လေယာဉ်ပေါ် က ပျံသန်းရေး ခရီးစဉ် အချက်အလက် မှတ်တမ်းတင် ဒုတိယ မြောက် black box ကို၊ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက၊ ထပ်မံ တွေ့ရှိထားပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ