ဟားမတ်စ် အဖွဲ့ အပစ်ရပ်ရေး ကြေညာ

  • 27 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးရဲ့ အပစ်ရပ်ရေးကို ဟားမတ်စ်က ပယ်ချ ခဲ့ပြီး၊ အစ္စရေးကို ရောကက် တွေနဲ့ ပစ်ခတ်

အစ္စရေး ဘက်က ခေတ္တ အပစ်ရပ် ထား ပြီးနောက် စစ်ဆင်မှုတွေ ပြန်စလို့ နာရီ ပိုင်းမှာပဲ ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ ကနေ ၂၄ နာရီ အပစ် ရပ်မယ် လို့ ကြေညာလိုက် ပါတယ်။

ဒါဟာ ရာမန်ဒန် ဥပုသ် ထွက်တော့မှာ ဖြစ်တဲ့ အတွက် ပြင်ဆင် မှုတွေ လုပ်နိုင် ဖို့နဲ့ ကုလသမဂ္ဂ ရဲ့ ကြားဝင် စေ့စပ် တာကို ပြန်လည် တုံ့ပြန်တဲ့ အနေနဲ့ ပါလက် စတိုင်း အဖွဲ့တွေ အကြား အခုလို လူသားချင်း ကူညီ နိုင်မှု ဆိုင်ရာ သဘောတူညီမှု ကို ဟားမတ်စ် အဖွဲ့က ကမ ကထပြု ဆောင်ရွက် ခဲ့တာလို့ ဟားမတ်စ် ပြောခွင့် ရသူက ပြောပါတယ်။

ဒါပမေယ့်လို့ အစ္စရေး ဘက်ကတော့ ဒီကိစ္စပေါ် တရားဝင် ဘာမှာ ပြောဆိုခြင်း မရှိသေးပါ။

အစ္စရေး ဝန်ကြီးချုပ် ဘတ်ဂျမန် နတ်တန်ယာဟု က ဟားမတ်စ် အဖွဲ့ဟာ ကိုယ်ထုတ် ထားတဲ့ အပစ် အခတ် ရပ်စဲမှုကို ကိုယ့်ဘာသာ ပြန် ချိုးဖေါက် နေတယ်လို့ ပြောပါတယ်။

အစ္စရေးတို့ ဘက်က စစ်ဆင်မှုတွေ ပြန်စ ခဲ့ပြီးနောက် ကြီးမားတဲ့ ပေါက်ကွဲ သံတွေကိုတော့ ဂါဇာ ဘက်မှာ မနက် အစောပိုင်းက ကြားခဲ့ရ ပါတယ်။

အစ္စရေးရဲ့ အပစ်ရပ်ရေးကို အစော ပိုင်းမှာ ဟားမတ်စ်က ပယ်ချ ခဲ့ပြီး၊ အစ္စရေးကို ရောကက် တွေနဲ့ ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ