လေယာဉ်ပျက် နေရာမှာ တိုက်ခိုက်မှု ရပ်ဖို့ တိုက်တွန်း

  • 29 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ခိုက်မှုတွေကြောင့် စုံစမ်းရေး အဖွဲ့တွေ ၃ ကြိမ်မြောက် လက်လျှော့ရ

မလေးရှား လေယာဉ် ပျက်ခဲ့တဲ့ နေရာ ဝန်းကျင်မှာ ခွဲထွက်ရေး သူပုန်တွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ပါလို့ ဒတ်ချ် ဝန်ကြီးချုပ် မာ့ခ် ရုတာ Mark Rutte က ယူကရိန်း အစိုးရကို မေတ္တာ ရပ်ခံလိုက်ပါတယ်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး သမားတွေက လေယာဉ် အပျက်အစီးတွေ ရှိရာ နေရာကို သွားရောက်ဖို့ နောက်ထပ် ကြိုးပမ်းမှုကို လုံခြုံရေး အခြေအနေကြောင့် လက်လျှော့ ခဲ့ကြရပါတယ်။ ဒါဟာ ၃ ရက် အတွင်း တတိယ အကြိမ် သွားရောက်ဖို့ ကြိုးပမ်းမှု ဖြစ်ပါတယ်။

နိုင်ငံ အရှေ့ပိုင်း လေယာဉ်ပျက်ကျခဲ့ရာ နေရာ အနီးက ရှာ့ခ်တာ့စ်က် Shakhtarsk နဲ့ တော်ရက်စ် Torez မြို့တွေထဲကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီလို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဒါပေမယ့် သူပုန်တွေဘက်ကတော့ အဲဒီ ၂ နေရာ စလုံးကို သူတို့ ထိန်းချုပ်ထားတုန်းပဲလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ