လိုင်ဘေးရီးယားမှာ ကျောင်းတွေ ပိတ်

  • 31 ဇူလိုင် 2014
ebola_virus_liberia ဓာတ်ပုံ မူပိုင် AFP Getty Images
Image caption ဘိုင်ဘေးရီးယားက အီဘိုလာ စစ်ဆေးရေး စခန်း

အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့နေတဲ့ အပေါ်၊ ထိန်းချူပ်နိုင် ဖို့၊ လိုင်ဘေးရီးယား နိုင်ငံက၊ အရေးပေါ် စီမံချက်တွေ ချမှတ် လိုက်ပါတယ်။ လိုင်ဘေးရီးယား မှာ ရှိတဲ့ စာသင်ကျောင်း အားလုံးကို ပိတ်လိုက်ပြီး၊ မရှိမဖြစ် လိုအပ်တဲ့ အစိုးရ ရုံးတချို့က အပ၊ ကျန် အစိုးရ ဝန်ထမ်းတွေ အားလုံး၊ ရက်ပေါင်း ၃၀၊ ခွင့်မယူ မနေရ၊ ယူခိုင်း လိုက်ပါတယ်။

တချို့ ရပ်ကွက်တွေ နေရာတွေ မှာ၊ လူဝင်လူထွက် မပြုလုပ် စေတော့ပဲ၊ ပိတ်ဆို့ ထားလိုက်ပါတယ်။

လက်နက်ကိုင် တပ်တွေက လည်း၊ အခုလို ချမှတ်လိုက် တဲ့၊ အရေးပေါ် ထိန်းချူပ်မှုတွေ ကို၊ လူအများ လိုက်နာအောင်၊ ကွပ်ကဲ စောင့်ကြပ်နေတယ် လို့ ဆိုပါတယ်။

လိုင်ဘေးရီးယား ရဲ့ ပြန်ကြားရေး ဝန်ကြီး လူးဝီးစ် ဂျီ ဘရောင်းက တော့၊ သူ့နိုင်ငံမှာ ရင်ဆိုင်နေရ တဲ့၊ အီဘိုလာ ဗိုင်းရပ်စ် အန္တရာယ် နဲ့ ပတ်သက်ပြီး၊ ဒီရောဂါရဲ့ ကူးစက်နေမှုဟာ၊ ခြောက်ခြားဖို့ ကောင်းလောက်အောင် ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး၊ သူတို့ နိုင်ငံရဲ့ အတိုင်းအတာနဲ့ လူထု ကျန်းမာရေး စောင့်ရှောက်နိုင်စွမ်းကို လည်း၊ တတ်နိုင်တာထက် ပိုပြီး သုံးစွဲနှင့်နေပြီး ဖြစ်ပါတယ် လို့၊ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ