ဆိုမာလီယာမှာ ခေါင်း ပဝါ မအုပ်သူ ပစ်သတ်ခံရ

  • 30 ဇူလိုင် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဆိုမာလီယာမှာ အယ်လ်ရှာဘတ် အဖွဲ့ဝင်တွေက အစ္စလာမစ် နိုင်ငံ ထူထောင်ဖို့ တိုက်ခိုက်နေကြ

ဆိုမာလီယာ နိုင်ငံ တောင်ပိုင်းမှာ မွတ်ဆလင် ထုံးစံ ခေါင်းကို ပုဝါအုပ်ဖို့ ငြင်းဆန်ခဲ့သူ အမျိုးသမီး တဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတယ်လို့ အဲဒီက လာတဲ့ သတင်းတွေအရ သိရပါတယ်။

အဲဒီ အမျိုးသမီး အိမ်ကို အယ်လ်ရှာဘာ့ဘ် အစ္စလာမစ် အဖွဲ့ဝင်တွေ ရောက်လာပြီး အဲဒီ အမျိုးသမီးကို ခေါင်းဆောင်း ပုဝါ အုပ်ဖို့ ပြောခဲ့ကြတယ်လို့ သူ့ ဆွေမျိုးတွေက ပြန်ပြောပြပါတယ်။

အဲဒီနောက် တခေါက်ပြန်လာပြီး ကြည့်တဲ့အခါ ခေါင်းဆောင်း ပုဝါ မအုပ်သေးတာကို တွေ့လို့ သေနတ်နဲ့ ပစ်သတ် သွားခဲ့တာလို့ ဆိုပါတယ်။

အယ်လ် ရှာဘာ့ဘ် အဖွဲ့ကတော့ အဲဒီ အမျိုးသမီးကို သူတို့ သတ်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး အဲဒီ အမျိုးသမီး နေထိုင်ရာ Lower Juba ဒေသကို သူတို့ အပြည့်အဝ ထိန်းချုပ် မထားဘူးလို့ ပြောပါတယ်။

ဆိုမာလီယာ တောင်ပိုင်းနဲ့ အလယ်ပိုင်းက ဒေသ အတော်များများကို အယ်လ် ရှာဘာ့ဘ် အဖွဲ့က ထိန်းချုပ်ထားပြီး အမျိုးသမီးတွေနဲ့ အမျိုးသားတွေ ဘယ်လို ဝတ်စား ဆင်ယင်ရမလဲ ဆိုတာ အပါအဝင် တင်းကြပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ