အစ္စရေး စစ်သား ဖမ်းဆီးခံရ၊ အပစ်ရပ်မှု ပျက်ပြယ်

ဓာတ်ပုံ မူပိုင် epa
Image caption မပေါက်ကွဲတဲ့ အစ္စရေး အမြောက်ကျည်တခု

ဂါဇာ ဒေသမှာ အစ္စရေး စစ်သား တစ်ဦး ဖမ်းဆီး ခံခဲ့ရတဲ့ အတွက် ၃ ရက်ကြာ အပစ်ရပ်ထားမှု ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဂါဇာ တောင်ပိုင်းက ဥမင် လိုဏ်ခေါင်းတွေကို အစ္စရေး စစ်သားတွေက ရှင်းလင်းနေစဉ် ပါလက်စတိုင်း စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး အစ္စရေး စစ်သား တစ်ဦး ခုလို ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အပစ်ရပ်စဲရေးကို ဟားမတ်စ် ဘက်က စတင် ချိုးဖောက်လို့ အစ္စရေးက လက်တုံပြန် တိုက်ခိုက်ဖွယ် ရှိတာကြောင့် ဂါဇာ ဒေသခံ တွေကို အိမ်အပြင် မထွက်ကြဖို့ အစ္စရေးက အစောပိုင်းက သတိပေး ခဲ့ပါတယ်။

အပစ်ရပ်စဲရေးကို ဘယ်ဘက်က စတင် ချိုးဖောက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဘက် စလုံးက အပြန်အလှန် စွပ်စွဲပါတယ်။

အစ္စရေးရဲ့ အမြောက်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၃၅ ယောက် သေဆုံးပြီး တရာကျော် ဒဏ်ရာ ရတယ်လို့ ဂါဇာ အာဏာ ပိုင်တွေက ပြောပါတယ်။

အစ္စရေးကတော့ ခုလို ပစ်ခတ်တာဟာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာသာ ဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ဟားမတ်စ်နဲ့ အပစ် ရပ်စဲရေး ပြန်ရဖို့ အစ္စရေး ဘက်က ကြိုးစား နေတယ်လို့လဲ ဆိုပါတယ်။

ဂါဇာမှာ နှစ်ဘက် တိုက်ခိုက်မှုတွေကြောင့် ခုချိန်ထိ ပါလက်စတိုင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်က ၆၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ