ဂျပန်က ဗီယက်နမ်ကို စစ်သင်္ဘော ၆ စင်း ပေးမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida (ဝဲ)နဲ့ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး Pham Binh Minh တို့ ဟနွိုင်းမြို့မှာ တွေ့စဉ်။

တောင်တရုတ် ပင်လယ်မှာ တရုတ် နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားနေတဲ့ ဗီယက်နမ် ရေတပ်ကို ဂျပန်က စစ်သင်္ဘော ၆ စင်း ထောက်ပံ့ ဖို့ ရှိပါတယ်။

ဗီယက်နမ် ရေပိုင်နက် လုံခြုံရေး အတွက် ဒီစစ်သင်္ဘော တွေနဲ့ အတူ လုံခြုံရေး နည်းပညာ စနစ်တွေပါ ထောက်ပံ့ သွားမယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီယို ကီရှီဒါ Fumio Kishida က ဆိုပါတယ်။

မေလက တရုတ်နဲ့ ဗီယက်နမ် ကြား ပိုင်နက် ငြင်းပွား နေကြတဲ့ ပါရာစယ် Paracel ကျွန်းစု အနီးမှာ တရုတ်က ရေနံတူးစင် လာချလို့ ၂ နိုင်ငံ အချင်းများ ခဲ့ကြပါတယ်။

ဂျပန်နဲ့ တရုတ် အကြား ရေပိုင်နက် အငြင်းပွားမှု တွေလဲ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ