ထိုင်ဝမ် ပေါက်ကွဲမှု ဓာတု ယိုစိမ့်မှုကြောင့် ဖြစ်နိုင်

  • 1 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဓာတု ပစ္စည်း ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ဟု ဆို

ထိုင်ဝမ် နိုင်ငံ ကောင်းရှုံ Kaohsiung မြို့မှာ ဒီနေ့ မနက် လင်းအားကြီး အချိန်က လူ ၂၄ ယောက် သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုကြီး တွေနဲ့ ပတ်သက်ပြီး ထိုင်ဝမ် အာဏာပိုင် တွေက စုံစမ်း စစ်ဆေး နေပါတယ်။

ကနဦး သတင်းတွေ အရ ဓာတ်ငွေ့ပိုက် ယိုစိမ့်မှုကြောင့် ပေါက်ကွဲတာလို့ ဆိုပါတယ်။

အခုတော့ မြေအောက် ပိုက်လိုင်းက ဓာတု ပစ္စည်း ယိုစိမ့်မှုက လက်သည် ဖြစ်နိုင်တယ်လို့ ယူဆ နေကြကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကောင်းရှုံ မြို့ဟာ ထိုင်ဝမ် ရေနံ ဓာတု လုပ်ငန်းတွေရဲ့ အချက်အချာ မြို့ကြီး ဖြစ်ပါတယ်။

ဒီနေရာဟာ ပေါက်ကွဲမှုကြီး တွေကြောင့် အခုတော့ မုန်တိုင်းတိုက်၊ ငလျင်လှုပ် ထားတဲ့ ဒေသ တခုနဲ့ တူနေတယ်လို့လည်း ဘီဘီစီ သတင်းထောက် တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၄ ဦး သေဆုံးပြီး လူ ၃၀၀ နီးပါး ဒဏ်ရာရကာ မီးသတ်သမား ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ရုံးတွေ၊ ကျောင်းတွေလဲ ဒီကနေ့ ပိတ်ထားရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ