ဂါဇာမှာနောက်ထပ် နှစ်ရာသေဆုံး

  • 2 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption သေသူထဲမှာ ကလေး သူငယ် တွေလည်းပါ

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ယာယီ အပစ်ရပ်စဲရေး ပျက်ပြားခဲ့တဲ့ သောကြာနေ့ နောက်ပိုင်း အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ ပါလက်စတိုင်း ၂၀၀ ရှိပြီလို့ ဂါဇာမှာ ရှိတဲ့ ကျန်းမာရေးဖက် အရာရှိ တွေက ပြောပါတယ်။

အစ္စရေး တပ်ဖွဲ့ဝင် တဦးကို ဟားမတ်စ်တို့က ဖမ်းခေါ် သွားတယ်လို့ ယူဆရတဲ့ Rafah မှာ တိုက်ခိုက်မှု အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွ တွေကလည်း အစ္စရေးဖက်ကို ရော့ကက် ဒုံးကျည်တွေနဲ့ ဆက်ပြီး ပစ်ခတ် တိုက်ခိုက် နေပါတယ်။

အီဂျစ် နိုင်ငံမှာ ဆွေးနွေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတုန်း ခုလို အကြမ်းဖက်မှု တွေ ဆက်ဖြစ် နေတာပါ။

အီဂျစ်နိုင်ငံက ဦးဆောင်တဲ့ အပစ်ရပ်ရေး ကြိုးပမ်းချက်ဟာ တကယ် အောင်မြင်ဖို့ အလားအလာ ရှိတယ်လို့ အီဂျစ်သမ္မတ အဗ္ဗဒယ်လ် ဖာတာ အယ်လ်စီစီ က ပြောပါတယ်။

မကြာခင် ကိုင်ရိုမြို့ကို ပါလက်စတိုင်း ကိုယ်စားလှယ် အဖွဲ့ ရောက်လာဖို့ ရှိနေပြီး အစ္စရေး ဖက်က တက်ရောက် မလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရ ပါဘူး။