အစ္စရေးနဲ့ ဂါဇာအရေး အီဂျစ် ကြိုးပမ်းနေဆဲ

  • 2 ဩဂုတ် 2014
israel_tanks_gaza_ ဓာတ်ပုံ မူပိုင် AP
Image caption အစ္စရေး တင့်ကားတပ် ဂါဇာ ကို ဦးတည်

ဂါဇာ မှာ နေ့စဉ်ရက်ဆက် သွေးမြေကျနေမှု တွေ ရပ်တံ့ အောင် ကြိုးပမ်းဆဲ နိုင်ငံတွေ အနက် အီဂျစ်နိုင်ငံ လည်း ပါဝင် ပါတယ်။ ဒါကြောင့်မို့ အပစ်အခတ် ရပ်ဆဲရေး နောက်တကြိမ် ခေါ်ယူခြင်း ဟာ ဆိုရင် အမှန်တကယ် ထိရောက် နိုင်မယ် လို့ ယူဆ ထား ပါတယ်။

အဲဒီအတွက် ပါလက်စတိုင်း ကိုယ်စားလှယ် အဖွဲ့ ကို ခေါ်ထားပါပြီ။ ကိုင်ရိုမြို့ ကို လာဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်၊ အစ္စရေး က ကိုယ်စားလှယ် လွှတ်မယ်၊ မလွှတ်ဘူး ဆိုတာ မသေချာ သေးပါဘူး။ အီဂျစ်သမ္မတ အဘ်ဒဲလ်ဖါတာ အယ်လ်စီစီး ကတော့၊ သူတို့ အနေနဲ့ အပစ်အခတ် ရပ်ဆဲရေး နဲ့ အတူ၊ ဂါဇာ မှာ အကြမ်းဖက် တိုက်ခိုက် ခံရတာတွေ၊ သွေးမြေကျ အသေအပျောက် ဒဏ်ရာရကြတာ တွေ အဆုံးသတ် စေရေး အတွက် အခွင့်အလမ်း ဖွင့်ပေးတဲ့ အကြောင်း၊ ဒီလို နည်းနဲ့ ကျမှ အခြေအနေ တည်ငြိမ်လာပြီး၊ ကူညီ ထောက်ပံ့မှု တွေ ရယူနိုင်ယင်း၊ ဒီကမှ တဆင့် စေ့စပ်ညှိနှိုင်းမှု တွေ ပြုနိုင်ရေး ဆီ သွားနိုင်အောင် ဖြစ်ပါတယ် လို့ ဆိုတာပါ။

ဂါဇာ က ကျန်းမာရေး အရာရှိတွေ အဆို အရ၊ ပြီးခဲ့တဲ့ သောကြာနေ့ က ခေတ္တ အပစ်ရပ် ပျက်ပြားသွားတာနဲ့ ပါလက်စတိုင်းနောက်ထပ် အနည်းဆုံး ၂၀၀ ခန့် အစ္စရေး ဒုံးလက်နက်ကြောင့် သေဆုံး သလို၊ အစ္စရေး စစ်သား တဦးလည်း ဟားမားစ် က ဖမ်းမိထားပါတယ်။

ဒါပေမယ့် အစ္စရေး ဝန်ကြီးချုပ် နက်တန်ယာဟု ဘက်ကတော့၊ ဟားမားစ်တွေ ဟာ ကုလသမဂ္ဂ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို ပေးထားတဲ့ ကတိတွေ ကို တမင်သက်သက် နဲ့ အတ္တဆန်ဆန် ဖေါက်ဖျက်သလို၊ ဂါဇာနေ အရပ်သား တွေ အပေါ်မှာလည်း ရက်စက်မှု တွေ ပြခဲ့တဲ့ အကြောင်း၊ ဒါကြောင့် မို့ အစ္စရေး အနေနဲ့ နယ်စပ် ဖြတ်ကျော် လိုဏ်ခေါင်းတွေ ဖျက်ဆီးပြီးသည့် တိုင်အောင်၊ အစ္စရေး ပြည်သူတွေ ဘေးရန် ကင်းကင်းနေထိုင်နိုင်တဲ့ အထိ ဆက်တိုက်မယ် လို့ မနေ့ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။