တရုတ်ပြည် ယူနန် မြေငလျင် လူ ၁၅၀ သေ

  • 3 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင်
Image caption အနည်းဆုံး ၁၅၀ သေဆုံး သွားပြီး၊ လူပေါင်း ဒါဇင် နဲ့ ချီပြီး ဒဏ်ရာ ရရှိ

အင်အား ပြင်းထန်တဲ့ မြေလျင် တခု တရုတ် နိုင်ငံ အနောက်တောင် ဘက်ပိုင်းမှာ လှုပ်ခါ သွားပါတယ်။

လူပေါင်း အနည်းဆုံး ၁၅၀ သေဆုံး သွားတယ်လို့ တရုတ် သတင်း မီဒီယာက ပြောပါတယ်။ လူပေါင်း ဒါဇင်နဲ့ ချီပြီးလည်း ဒဏ်ရာ ရရှိသွား ပါတယ်။

ပြင်းအား ရစ်ချ်တာ ၆ ဒသမ ၁ ရှိတဲ့ မြေငလျင်တခုဟာ တရုတ်နိုင်ငံ ယူန်ပြည်နယ်က ဝေးလံတဲ့ တောင်တန်း ဒေသကို ဗဟိုပြု လှုပ်ခါ သွားတာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

အိမ်တွေ ကျောင်းတွေ အပါ အဝင် အဆောက် အဦး အများ အပြား ပြိုကျ ကုန်တယ်လို့ ဒေသတွင်း အရာရှိတွေ ကပြောပါတယ်။ ဆက်သွယ်ရေး လမ်းကြောင်း တွေလည်း ဆိုးဆိုး ဝါးဝါး ထိခိုက်ကုန် ပါတယ်။

အနားက ဂွမ်ဇု နဲ့ ဆီချွမ်း ပြည်နယ်တွေ မှာလည်း မြေငလျင် အရှိန်နဲ့ တုန်ခါမှုတွေ ဖြစ်ခဲ့ပါတယ်။

တရုတ် နိုင်ငံ အနောက်တောင် ဘက်ပိုင်းဟာ ငလျင်ကြော ရှိတဲ့ နယ်မြေ တခု ပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ