ဂလပ်စ်ဂို ဓနသဟာယ ပြိုင်ပွဲ ပြီးဆုံး

commonwealth_games_closing_ceremony ဓာတ်ပုံ မူပိုင် Reuters
Image caption ဂလပ်စ်ဂို ၂၀၁၄ ဓနသဟာယ အကစားပွဲကြီးရဲ့ ပိတ်ပွဲ အခမ်းအနား

စကော့တလန် မှာ ကျင်းပနေ တဲ့ ၂၀၁၄ ဓနသဟာရ နိုင်ငံတွေ ရဲ့ အားကစားပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

ပိတ်ပွဲ အခမ်းအနား ကို၊ လူချစ်များကြတဲ့ ပေါ့ပ် အဆိုတော် ကိုင်လီမီနော့ဂ် ရဲ့ ဖျော်ဖြေမှု အပါအဝင်၊ ဖျော်ဖြေသူ ၂ ထောင်ကျော် ရဲ့ တင်ဆက်မှုတွေ နဲ့၊ ကျင်းပခဲ့ပါ တယ်။

ဩစတြေးလျနိုင်ငံ Gold Coast မြို့ ကိုလည်း၊ ၂၀၁၈ အိမ်ရှင် မြို့တော်အဖြစ်၊ လွှဲပြောင်း ပေးခဲ့ပါ တယ်။

အခုပြိုင်ပွဲမှာ အင်္ဂလန်က ရွှေတံဆိပ် ၅၈ ခုနဲ့၊ ဗိုလ်စွဲနိုင်ခဲ့ ပြီး၊ ဩစတြေးလျက ရွှေ ၄၉ ခုနဲ့ ဒုတိယ လိုက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ