တရုတ် ငလျင် သေဆုံးသူ ၄၀၀ နီးပါး ရှိသွား

  • 4 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ငလျင် ဒုက္ခသည်တွေအတွက် ကယ်ဆယ် ထောက်ပံ့ရေးမှာ အခက်အခဲ ဖြစ်နေ

တရုတ်နိုင်ငံ ယူနယ် ပြည်နယ်မှာ တနင်္ဂနွေ နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၆ ဒသမ ၁ စကေးရှိတဲ့ မြေငလျင်ကြောင့် သေဆုံးသူ ၄၀၀ နီးပါး ရှိသွားပြီး လူ ၂၀၀၀ နီးပါး ဒဏ်ရာ ရခဲ့ကာ ကယ်ဆယ် ထောက်ပံ့ရေးတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပေမယ့် ငလျင်ဒဏ် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့ နေရာတွေကို ကယ်ဆယ်ရေးတွေ သွားရောက်ဖို့ အခက်အခဲ ရှိနေပါတယ်။

ကယ်ဆယ် ရေးတွေ အရှိန်မြှင့် ဆောင်ရွက် နိုင်ဖို့ တရုတ် စစ်သား ၂၅၀၀ ကိုလည်း စေလွှတ် ထားတယ်လို့ သိရပါတယ်။

အပျက်အစီးတွေ ကြားမှာ ထောက်ပံ့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြပေမယ့် မိုးသည်းထန်နေလို့ မြေပြိုနိုင်တဲ့ အန္တရာယ်တွေ ရှိနေတဲ့အတွက် ကယ်ဆယ်ရေးမှာ အဟန့်အတားတွေ ဖြစ်နေရပါတယ်။

ဒါကြောင့် အကူအညီ ပစ္စည်းတွေ ဖြန့်ဝေရာမှာ စေတနာ အလျောက် ဝိုင်းဝန်း ကူညီကြဖို့ အစိုးရပိုင်းက ပန်ကြားထားပါတယ်။

ငလျင် ဒုက္ခသည်တွေ အတွက် ထောင်နဲ့ ချီတဲ့ ရွက်ဖျင်တဲတွေ၊ အိပ်ရာလိပ်တွေကို ပို့ဆောင်ပေး နေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ