အမေရိကန် ဗိုလ်ချုပ် အာဖဂန် မှာ ပစ်သတ်ခံရ

  • 5 ဩဂုတ် 2014
afghan_us_general_ ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် ဗိုလ်ချုပ် အာဖဂန် မှာ အပစ်ခံရ

အက်ဖဂန် နစ္စတန် နိုင်ငံ၊ ကာဘူးလ် မြို့တော်ရဲ့ အနောက်ဖက်မှာ ရှိတဲ့ ဗြိတိသျှ အရာရှိတွေ စစ်သင်တန်း ပို့ချပေးနေတဲ့ စစ်တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းမှာ အာဖဂန် ကင်းစောင့် စစ်သား တဦး က ပစ်ခတ်မှု ပြုခဲ့ ပါတယ်။

အဆိုပါ စစ်သား က အမေရိကန် လုပ် M16 ရိုင်ဖယ်သေနတ် နဲ့ ပစ်ခတ် ရာမှာ ထိတ်တန်း အမေရိကန် ဗိုလ်မှူးချုပ် တဦး အပါအဝင် အာဖဂန် ဗိုလ်ချုပ်ဂူလမ် ဆာကီး၊ ဂျာမန် ဗိုလ်ချုပ် တဦး အပြင် အခြား နိုင်ငံတကာ စစ်မှုထမ်း တွေ ပါ ပစ်ခတ် ခံရပါတယ်။

ဒီအခါမှာ အမေရိကန် ဗိုလ်ချုပ် ဟာရိုလ် ဂရင်း ကတော့ ဒဏ်ရာ နဲ့ သေဆုံးသွားတဲ့ အကြောင်း၊ ပင်တာဂွန် က အတည်ပြု ပြောကြားပါတယ်။ ပင်တာဂွန် ပြန်ကြားရေး ဌာန မှ ပြောခွင့်ရ အရာရှိ ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီ က သတင်းစာ ရှင်လင်းပွဲမှာ၊ အခုလို ပစ်ခတ်မှု ကို အာဖဂန် အရာရှိတွေ နဲ့ ရော၊ မဟာမိတ် တပ် အာဏာပိုင်တွေ ပါ ပူးတွဲ စုံစမ်း စစ်ဆေးမှု တွေ ပြုနေပါပြီ။ ဒါကြောင့် မို့ အခင်းဖြစ်ပွားမှု အပေါ်မှာ ခန့်မှန်း ပြောဆို နေတာထက်၊ စုံစမ်းမှု ကို အကျအန ပြုဖို့ လိုပါတယ်လို့ ပြောပါတယ်။

အခု လတ်တလော သိရသလောက်၊ ပစ်ခတ်သူ ဟာ အာဖဂန် စစ်သား ဖြစ်တယ် ဆိုတာရယ်၊ အာဖဂန် အမျိုးသား လုံခြုံရေး တပ် က ဆိုတဲ့ အချက်ပါဘဲ လို့ သတင်းထောက် တွေ ကို ရှင်းပြပါတယ်။

အာဖဂန် စစ်သား ဟာ ကင်းစောင့်တဲ ကနေ၊ ရိုင်ဖယ် ထဲက မဂ္ဂဇင်း တကပ်လုံး ကုန်တဲ့ အထိ ပစ်ခတ် အပြီး၊ နောက်မဂ္ဂဇင်း တကပ် လဲဖို့ လုပ်ချိန် မှာပင်၊ စစ်မှုထမ်းပေါင်း ၁၂ ဦး ကျော် ကို ပစ်ခတ် ပြီးနေပါပြီ။ သူ့ ကို လည်း ပြန်လည် ပစ်ခတ် လို့ သေဆုံးသွားပါတယ်။

အခု အသတ်ခံလိုက်ရတဲ့ အမေရိကန် ဗိုလ်ချုပ် ဆိုရင်၊ ၂၀၀၁ ခုနှစ် က အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တပ်ဖွဲ့ အာဖဂန် ကို ဝင်ရောက်ချိန် က စလို့ ရာထူးအဆင့် အမြင့်ဆုံး အရာရှိ ပစ်သတ်ခံ လိုက်ရတာပါ။ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ သတင်းရပ်ကွက် အဆိုအရ၊ အဆိုပါ စစ်သား ဟာ ပြီးခဲ့တဲ့ ၃ နှစ် က ခန့်အပ် တာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အာဖရန် စစ်သား တဦးကလည်း၊ သူတို့ သဲကန္တာရ ထဲ ရပ်နေကြတုန်းမှာ သေနတ်သံ ၃ ချက် ကြားလိုက်ရတဲ့ အခါ မှာ၊ စစ်တက္ကသိုလ် ဘက်က ထွက်လာတဲ့ အသံတွေ ဆိုတာ ကို သိလိုက်ရတဲ့ အကြောင်း၊ ခနနေတော့ ရဟတ်ယာဉ်တွေ ရောက်လာပြီး ဒဏ်ရာရသူတွေ ကို သယ်ဆောင်သွားတာ တွေ့လိုက် ရပါတယ် လို့ ပြောပြပါတယ်။

ဒီစစ်တက္ကသိုလ် ဟာ ဗြိတိန်နိုင်ငံ က ဆဲန်းဟပ်စ် စစ်တက္ကသိုလ် ပုံစံ ယူပြီး စစ်ပညာတွေ လေ့ကျင့် သင်တန်းပေးနေတာပါ။ ဒီနှစ်ကုန် မှာ အာဖဂန် ကနေ မဟာမိတ်တပ်တွေ ရုပ်သိမ်းရင် အဆင့်သင့် ဖြစ်နေအောင်၊ ဗြိတိသျှ က ပြီးခဲ့တဲ့ အောက်တိုလာလ က၊ ဖွင့်ပေး ထားတဲ့ တခုတည်းသော စစ်တက္ကသိုလ်ပါ။ ရှေ့လ ဆိုရင် ပထမ သုတ် ဗိုလ်လောင်း ကဒက်တွေ ကျောင်းဆင်းတော့ မှာပါ။

စစ်တက္ကသိုလ် ဖွင့်ကာစ ကလည်း လုံခြုံရေး တာဝန် ယူတဲ့ သြစတြလျ နဲ့ နယူးဇီလန် စစ်သားတချို့ဟာ၊ အာဖဂန်စစ်သား တဦး ပစ်ခတ်မှု ကြောင့် ဒဏ်ရာရခဲ့ တာ ရှိခဲ့ဖူးပါတယ်။