ယူကရိန်း အရှေ့ပိုင်းက ထွက်ပြေးသူ မြင့်တက်လာ

  • 5 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၂လအတွင်း ထွက်ပြေးသူ တသိန်းကျော် ရှိ

ယူကရိန်း အရှေ့ဘက်ခြမ်းမှာ အစိုးရနဲ့ ရုရှားလိုလားသူ သူပုန်တွေ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ အတွက် အဲဒီ ဒေသကို စွန့်ခွာ ထွက်ပြေး နေကြရသူတွေရဲ့ အရေအတွက် သိသိသာသာ မြင့်တက် လာနေတယ်လို့ ကုလ သမဂ္ဂက ပြောလိုက် ပါတယ်။

ပြီးခဲ့တဲ့ ၂ လ အတွင်း မှာတင် လုဟန့်စ်ခ် နဲ့ ဒွန်းညက်စ်ခ် ဒေသတွေကနေ လုံခြုံရေး ဆိုင်ရာ စိုးရိမ် ကြောင့်ကြ မှုတွေကြောင့် နေအိမ်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြသူ ၁ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ UNHCR က ပြောပါတယ်။

နေ့စဉ် ပဋိပက္ခ ဖြစ်ပွားရာ နေရာကနေ ထွက်ပြေးသူ တစ်နေ့ကို ၁ ထောင် ကျော်တယ်လို့လည်း UNHCR က ဆိုပါတယ်။

ဒီလို ထွက်ပြေး နေရသူတွေဟာ ထောက်ပံ့ရေး ပစ္စည်းတွေ မစုံလင်တဲ့ ယာယီ နေရာတွေမှာ နေထိုင်နေရတယ်လို့လည်း UNHCR က ပြောသလို သောက်ရေ ပြတ်လပ်မှု အပါအဝင် တစ်ကိုယ်ရေ ကျန်းမာရေးအတွက် အသုံးအဆောင်တွေ၊ အိပ်ယာတွေလို အခြေခံ ပစ္စည်းတွေလည်း လောက်ငမှု မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ