အီဘိုလာ ထိန်းချုပ်ရေး တပ်လှန့်ထား

  • 7 ဩဂုတ် 2014
ebola ဓာတ်ပုံ မူပိုင်
Image caption အီဘိုလာ ရောဂါကပ်ဘေး ကင်းဝေးဖို့ ဆုတောင်း

အမေရိကန် အစိုးရ ပြည်သူ့ ကျန်းမာရေး အဖွဲ့ ဖြစ်တဲ့ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာန က အီဘိုလာ ရောဂါ ကြောက်မက် စရာ ကူးစက် နေမှုကို တိုက်ဖျက်ရေး အတွက် အမြင့်ဆုံး တပ်လှန့် လိုက်ပါတယ်။

ရောဂါ တိုက်ဖျက်ရေး အတွက် အရေးပေါ် လှုပ်ရှားမှု ဌာနကို နံပါတ် တစ် အဆင့် တပ်လှန့်ထားလိုက်ပြီလို့ CDC အဖွဲ့ ညွှန်ကြားရေးမှူး Dr Thomas Frieden က ကွန်ဂရက် လွှတ်တော် မှာ ပြောကြား ခဲ့ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အတွက် CDC ဌာနချုပ်မှာ လူ နှစ်ရာ ကျော် လှုပ်ရှား နေပြီး အနောက် အာဖရိက ဒေသကို ကျွမ်းကျင် ပညာရှင် ၅ဝ ကျော် မကြာခင် စေလွှတ်ဖို့ ရှိတယ်လို့ Dr Frieden က ဆိုပါတယ်။

ဒီရောဂါကြောင့် အာဖရိကမှာ လူ ၉ ရာ ကျော် သေဆုံး ခဲ့ရပြီ ဖြစ်ပါတယ်။

အီဘိုလာကြောင့် လိုင်ဘေးရီးယား နိုင်ငံရဲ့ ကျန်းမာရေး စနစ် ကတော့ ပျက်လုခမန်း ဖြစ်နေပါပြီ။

လိုင်ဘေးရီးယား ဆေးရုံတွေ ပိတ်ထားရပြီး ဆေးဝန်ထမ်း တွေလဲ ရောဂါ ကူးစက် ခံနေရပြီး အလုပ်ကို ပေါ်မလာ ကြတော့ဘူး လို့ လိုင်ဘေးရီးယား ပြန်ကြားရေး ဝန်ကြီး Lewis Brown က ဘီဘီစီကို ပြောကြား ခဲ့ပါတယ်။

လိုင်ဘေးရီးယားမှာ အီဘိုလာ ကြောင့် သေသူ ၆ဝ ရာခိုင်နှုန်းက ဆေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

လူတွေက ကျန်းမာရေး ဌာနတွေ ကို မလာရဲကြလို့ ဆေးဆိုင် တွေက ဆေးတွေ လုယက် နေကြတာတွေ ကြားတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ