ခမာနီ ခေါင်းဆောင်ဟောင်း ၂ ဦး ထောင်တစ်သက်ကျ

ဓာတ်ပုံ မူပိုင် Getty
Image caption ခမာနီတွေ လက်ထက်မှာ လူ ၂ သန်းလောက် သေခဲ့ရ

ကမ္ဘောဒီးယား နိုင်ငံမှာ ခမာနီ ခေါင်းဆောင်ဟောင်း ၂ ဦးကို လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် ကုလသမဂ္ဂ ကျောထောက် နောက်ခံပြုတဲ့ တရားရုံးကနေ ထောင်ဒဏ် တစ်သက် တစ်ကျွန်းစီ ချမှတ် လိုက်ပါတယ်။

ဒီလို ပြစ်ဒဏ် ချမှတ် ခံရသူတွေကတော့ ခမာနီ ခေါင်းဆောင် ပိုပေါ့တ်ရဲ့ လက်ထောက်ဟောင်း Nuon Chea ဆိုသူနဲ့ ယခင် ကမ္ဘောဒီးယား နိုင်ငံ အကြီးအကဲဟောင်း Khieu Samphan တို့ ဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်က ကမ္ဘောဒီယားကို ခမာနီ တို့ ထိန်းချုပ် အပြီးမှာ မြို့တော် ဖနွမ်းပင် ကနေ လူတွေကို အစုလိုက် အပြုံလိုက် မောင်းထုတ် သတ်ဖြတ်ခဲ့မှု အတွက် အပြစ်ရှိတယ် ဆိုပြီး အမိန့် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးမှာ အယူခံခွင့် ရှိကြောင်း တရားသူကြီးက ပြောသလို တရားခံ ရှေ့နေတွေကလည်း အယူခံ တင်သွားမယ်လို့ ပြောပါတယ်။

ခမာနီတွေ အုပ်ချုပ်ခဲ့တဲ့ ၁၉၇၅ ကနေ ၁၉၇၉ ခုနှစ် အတွင်း ကမ္ဘောဒီးယားမှာ လူ ၂ သန်းလောက် သေကြေခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ