အနောက်အုပ်စု စားသောက်ကုန်တွေကို ရုရှား ပိတ်ပင်

  • 7 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် epa
Image caption မော်စကိုမြို့က စူပါမားကတ် တခုမှာ စျေးဝယ်နေသူ တဦး

ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှား အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံ အတော်များများရဲ့ စားသောက်ကုန်တွေ ရုရှားထဲ တင်သွင်းနေမှုကို ရုရှားက လက်တုံ့ပြန်တဲ့ အနေနဲ့ တင်သွင်းခွင့် ပိတ်ပင်လိုက်ပါတယ်။

အသား၊ ငါး၊ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်တွေ အပါအဝင်၊ နို့ထွက် ပစ္စည်း ထုတ်ကုန်တွေကို အီးယူ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နော်ဝေ နိုင်ငံတွေ ဆီကနေ တင်သွင်းမှုကို ၁ နှစ်ကြာ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ရှရှား ဝန်ကြီးချူပ် ဒီမစ်ထရီ မက်ဒ်ဗီဒက်ဗ်က အစိုးရ အစည်းအဝေး တစ်ခုမှာ ပြောပါတယ်။

အာရှ ဒေသ နိုင်ငံတွေနဲ့ ဆက်သွယ် ပျံသန်းနေတဲ့ အနောက် နိုင်ငံတွေရဲ့ ခရီးသည်တင် လေကြောင်းလိုင်း တွေကိုပါ ရုရှား နယ်မြေပေါ်က ဖြတ်သန်း ပျံသန်းခွင့်ကိုလည်း ပိတ်ဖို့ စဉ်းစားနေတယ်လို့ သူက ပြောပါတယ်။

တကယ်တော့ ရုရှားဟာ သူ့ပြည်တွင်း စျေးကွက်မှာ ရှိတဲ့ စားသောက်ကုန် အားလုံးရဲ့ သုံးပုံ တပုံ ကျော်ကျော်ကို ပြည်ပကနေ တင်သွင်း ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ခုလို ပိတ်ပင်လိုက်ရာမှာ ကုန်စျေးနှုန်း ကြီးမြင့်လာမှုတွေ မဖြစ်အောင် တခြား နေရာတွေက အစားထိုး တင်သွင်းရမှာ ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက်က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ